Olympus OM-D E-M1 Mark III Mirrorless Digital Camera with 12-100mm Lens

တန်ဘိုး USD 2899$

အားသာချက်

17.4 x 13 mm အရွယ်ရှိ Live MOS Sensor ပါ၀င်ပြီး TruePic XI Image Processor ထောက်ပံ့ပေးထားပါတယ်။ 20.4 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို DCI 4k ဆိုရင် 24fps အထိ ရိုက်ကူးနိုင်မှာပါ။ JPEG File အတွက် Frame per second 18fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ ရာသီဥတု အကြမ်းခံနိုင်ဖို့အတွက် hermetically-Sealed နဲ့တည်ဆောက်ထားပါတယ်။

1.037m-dot အရည်အသွေးထွက်ရှိတဲ့ ၃ လက်မအရွယ် Articulating Touchscreen LCD ပါ၀င်ပြီး View finder ပိုင်းအတွက်ကိုတော့ Electronic Viewfinder ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် 3.5mm Headphone, 3.5mm Microphone, 2.5mm Sub-Mini, HDMI D (Micro), USB 3.0, X-Sync Socket တို့နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ကြိုးမဲ့အတွက်လည်း Wi-Fi ကို ထည့်သွင်း ထောက်ပံ့ပေးထားပါတယ်။ Focus ပိုင်းမှာ Continuous-Servo AF (C), Manual Focus (M), Single-servo AF (S), Single-servo AF (S) တို့ရရှိနိုင်ပြီး Point အနေနဲ့ 121-Point All Cross-Type Phase-Detect AF တို့ရရှိမှာ ဖြစ်ပါတယ်။ ကိုယ်ထည်အရောင်ကို ငွေရောင်နဲ့ အနက်ရောင်တို့ ရွေးချယ်နိုင်ပါတယ်။ 12-100 mm Lens ထောက်ပံ့ပေးထားလို့ 35mm မြင်ကွင်းနဲ့ ဆိုရင် 24-200mm မြင်ကွင်းမျိုးရနိုင်တဲ့အတွက် စွယ်စုံနီးပါး အသုံးပြုနိုင်မှာပါ။

အားနည်းချက်

ထွေထွေထူးထူး ပြောစရာသိပ်မရှိပေမယ့် ဘက်ထရီပိုင်းမှာ mirrorless Camera တွေသဘောတရားအတိုင်း အားနည်းပါတယ်။ အရင်ထွက်ရှိထားတဲ့ Olympus OM-D E-M1X Mirrorless Digital Camera Camera လို ကိုယ်ထည်တွင်းမှာ Battery Grip မထည့်သွင်းထားတာက အားနည်းချက် ဖြစ်သလို အားသာချက်လည်း ဖြစ်နိုင်ပါတယ်။

သုံးသပ်ချက်

Dual F.A.S.T. Autofocus ထည့်သွင်းပေးထားတဲ့အတွက် Focus ဖြတ်နှုန်းမြန်ဆန်သလို fps လည်းမြန်ဆန်တဲ့အတွက် အားကစားဓာတ်ပုံဆရာများ၊ တောရိုင်းဓလေ့ ဓာတ်ပုံဆရာများ သာမက Street Photographer တွေပါ သဘောကျနိုင်တဲ့ ကင်မရာဖြစ်ပါတယ်။ ယခင်ထွက်ရှိထားတဲ့ Olympus OM-D E-M1 Mark 2 Mirrorless Digital Camera Camera ထက် Processor နဲ့ အခြားသောစွမ်းဆောင်ရည်လည်း ပိုမြင့်မားပါတယ်။

လုပ်ဆောင်ချက်

File Format တွေအနေနဲ့ JPEG ရော RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @24fps, အထိ အသုံးပြု နိုင်ပါတယ်။ Shutter Speed အနေနဲ့အနှေးဆုံး 30” ကနေ 1 / 8000 အထိ ရရှိနိုင်သလို Electronic Shutter နဲ့ဆိုရင် 60’’ to 1/32000 အထိ ရပါတယ်။ Bult-in Flash အနေနဲ့ ပါဝင်သလို External Flash တပ်ဆင်နိုင်တဲ့ Hot Shoe လည်း ပါဝင်မှာပါ။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average, Multi-Zone, Spot စတာတွေ ထောက်ပံ့ပေးထားပါတယ်။ White balance အနေနဲ့လည်း Auto, Cloudy, Custom, Fluorescent, Incandescent, Shade, Sunlight, Underwater စတာတွေ အပြည့်အစုံ ပါ၀င် ပါတယ်။ 2.36m-Dot အရည် အသွေးရှိ S-OVF (Simulated Optical Viewfinder ) ပါဝင်ပြီး Screen Display အနေနဲ့ ၃ လက်မအရွယ်ရှိကာ 1.04m-dot အရည်အသွေးရှိ Articulating Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။ အရွယ် အစားက 134.1 x 90.9 x 68.9 mm ဖြစ် အလေးချိန် 580 g ရှိပါ တယ်။

-ကျော်ဇေယျ
Ref: B & H