OLED iPhone screen ေတြအတြက္ Samsung နဲ႔ယွဥ္ၿပိဳင္မယ့္ တ႐ုတ္ display ကုမၸဏီ

[ Zawgyi ]

၂၀၁၈ iPhone ရဲ႕ အေရးအပါဆံုး အစိတ္အပိုင္းတစ္ခုက တ႐ုတ္အစိုးရနဲ႔ အလြန္နီးစပ္တဲ့ ကုမၸဏီတစ္ခုက ထုတ္လုပ္ထားတဲ့ အရာတစ္ခု ျဖစ္ႏိုင္ပါတယ္။

BOE Technology Group ဟာ Apple အတြက္ LCD screen အခ်ိဳ႕ကို ထုတ္လုပ္ထားသလို flagship iPhone ေမာ္ဒယ္ေတြမွာ အသံုးျပဳထားတဲ့ OLED display ေတြကိုလည္း ထုတ္လုပ္ဖို႔ ဆႏၵရိွေနပါတယ္။

တကယ္လို႔ BOE အေနနဲ႔ ကုမၸဏီရဲ႕ screen ေတြကို အသံုးျပဳဖို႔ Apple ကို ဆြဲေဆာင္ႏိုင္ခဲ့မယ္ဆိုရင္ ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး မလိုလားအပ္တဲ့ ေနာက္ဆက္တြဲရႈပ္ေထြးမႈေတြ ျဖစ္လာႏိုင္ပါတယ္။ BOE ကို “ေဘက်င္းၿမိဳ႕အစိုးရက ထိန္းခ်ဳပ္ထားၿပီး ရွယ္ယာအမ်ားဆံုး ပိုင္ဆိုင္သူေတြက အစိုးရနဲ႔အဆက္အစပ္ရိွတဲ့ ကုမၸဏီေတြျဖစ္တယ္” လို႔ Wall Street Journal က ေဖာ္ျပခဲ့ပါတယ္။

Samsung ဟာ iPhone X မွာ သံုးထားတဲ့ OLED အားလံုးကို ထုတ္လုပ္ထားသူ ျဖစ္ပါတယ္။ တစ္ခုတည္းေသာ supplier ျဖစ္တာေၾကာင့္ ကိုရီးယားကုမၸဏီအေနနဲ႔ ဆႏၵရိွသလို အဖိုးအခေတာင္းဆိုႏိုင္ပါတယ္။ ဒါဟာ iPhone X ေစ်းအလြန္ႀကီးရတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုျဖစ္ပါတယ္။

BOE ဟာ OLED display ေတြအတြက္ ဒုတိယရင္းျမစ္တစ္ခု ျဖစ္လာဖို႔ ဆႏၵရိွေနပါတယ္။ ဒါေပမဲ့လည္း ဒီလိုလုပ္ေဆာင္ႏိုင္ဖို႔အတြက္ Apple ကို ဆြဲေဆာင္ဖို႔ လိုပါတယ္။

iPhone screen ေတြကုိ BOE ေထာက္ပံ့တာက တ႐ုတ္အတြက္ ႀကီးမားတဲ့ျပႆနာတစ္ခု မဟုတ္ႏိုင္ပါဘူး။ တ႐ုတ္အေနနဲ႔ ကမၻာမွာရိွတဲ့ ထုတ္ကုန္ရဲ႕ထက္ဝက္ကို ထုတ္လုပ္ေနေပမယ့္ အဲ့ဒီအထဲမွာ အရည္အေသြးျမင့္မားတဲ့ အစိတ္အပိုင္းေတြ မ်ားမ်ားစားစား မရိွပါဘူး။

Foxconn ဟာ တ႐ုတ္ႏိုင္ငံမွာ iPhone ေတြကို တပ္ဆင္တာနဲ႔ပတ္သက္ၿပီး လူသိမ်ားပါတယ္။ ဒါေပမဲ့လည္း အစိတ္အပိုင္းအားလံုးကို အျခားႏိုင္ငံေတြက ထုတ္လုပ္ထားတာပါ။ ဒါေၾကာင့္ iPhone 7 တစ္လံုး ေရာင္းခ်ရတိုင္း တ႐ုတ္က ေဒၚလာ ၁၀ ေအာက္သာ ရရိွပါတယ္။ က်န္တဲ့ ေငြအမ်ားအျပားကေတာ့ ကိုရီးယား၊ ဂ်ပန္နဲ႔ အေမရိကန္တို႔ကိုသာ စီးဆင္းသြားပါတယ္။

ဒါေၾကာင့္ BOE က ၂၀၁၈ iPhone ေမာ္ဒယ္ေတြမွာ OLED display ေတြကို ေထာက္ပံ့ဖို႔ ဆႏၵရိွေနတာျဖစ္တယ္လို႔ သိရပါတယ္။

Ref: CultOfMac

[ Unicode ]

၂၀၁၈ iPhone ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုက တရုတ်အစိုးရနဲ့ အလွန်နီးစပ်တဲ့ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားတဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။

BOE Technology Group ဟာ Apple အတွက် LCD screen အချို့ကို ထုတ်လုပ်ထားသလို flagship iPhone မော်ဒယ်တွေမှာ အသုံးပြုထားတဲ့ OLED display တွေကိုလည်း ထုတ်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။

တကယ်လို့ BOE အနေနဲ့ ကုမ္ပဏီရဲ့ screen တွေကို အသုံးပြုဖို့ Apple ကို ဆွဲဆောင်နိုင်ခဲ့မယ်ဆိုရင် နိုင်ငံရေးနဲ့ပတ်သက်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ BOE ကို “ဘေကျင်းမြို့အစိုးရက ထိန်းချုပ်ထားပြီး ရှယ်ယာအများဆုံး ပိုင်ဆိုင်သူတွေက အစိုးရနဲ့အဆက်အစပ်ရှိတဲ့ ကုမ္ပဏီတွေဖြစ်တယ်” လို့ Wall Street Journal က ဖော်ပြခဲ့ပါတယ်။

Samsung ဟာ iPhone X မှာ သုံးထားတဲ့ OLED အားလုံးကို ထုတ်လုပ်ထားသူ ဖြစ်ပါတယ်။ တစ်ခုတည်းသော supplier ဖြစ်တာကြောင့် ကိုရီးယားကုမ္ပဏီအနေနဲ့ ဆန္ဒရှိသလို အဖိုးအခတောင်းဆိုနိုင်ပါတယ်။ ဒါဟာ iPhone X စျေးအလွန်ကြီးရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

BOE ဟာ OLED display တွေအတွက် ဒုတိယရင်းမြစ်တစ်ခု ဖြစ်လာဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် Apple ကို ဆွဲဆောင်ဖို့ လိုပါတယ်။

iPhone screen တွေကို BOE ထောက်ပံ့တာက တရုတ်အတွက် ကြီးမားတဲ့ပြဿနာတစ်ခု မဟုတ်နိုင်ပါဘူး။ တရုတ်အနေနဲ့ ကမ္ဘာမှာရှိတဲ့ ထုတ်ကုန်ရဲ့ထက်ဝက်ကို ထုတ်လုပ်နေပေမယ့် အဲ့ဒီအထဲမှာ အရည်အသွေးမြင့်မားတဲ့ အစိတ်အပိုင်းတွေ များများစားစား မရှိပါဘူး။

Foxconn ဟာ တရုတ်နိုင်ငံမှာ iPhone တွေကို တပ်ဆင်တာနဲ့ပတ်သက်ပြီး လူသိများပါတယ်။ ဒါပေမဲ့လည်း အစိတ်အပိုင်းအားလုံးကို အခြားနိုင်ငံတွေက ထုတ်လုပ်ထားတာပါ။ ဒါကြောင့် iPhone 7 တစ်လုံး ရောင်းချရတိုင်း တရုတ်က ဒေါ်လာ ၁၀ အောက်သာ ရရှိပါတယ်။ ကျန်တဲ့ ငွေအများအပြားကတော့ ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ကိုသာ စီးဆင်းသွားပါတယ်။

ဒါကြောင့် BOE က ၂၀၁၈ iPhone မော်ဒယ်တွေမှာ OLED display တွေကို ထောက်ပံ့ဖို့ ဆန္ဒရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

Ref: CultOfMac