John Wick ဂိမ္းကုိ Epic Games Store တြင္ သီးသန္႔ျဖန္႔ခ်ိသြားမည္

[Zawgyi]

Thomas Was Alone နဲ႔ Volume ဂိမ္းေတြကို ဖန္တီးခဲ့တဲ့ မိုက္ဘစ္ဟယ္ဟာ Bitchell Games စတူဒီယိုကေန John Wick ႐ုပ္ရွင္စီးရီးအေျခခံ ျမန္ဆန္ၿပီး အက္ရွင္အသားေပး နည္းဗ်ဴဟာဂိမ္းကို ျဖန္႔ခ်ိသြားမယ္လို႔ သိရပါတယ္။ ဂိမ္းအမည္က John Wick Hex ျဖစ္ကာ PC နဲ႔ Mac ေပၚက Epic Games Store မွာ သီးသန္႔အျဖစ္ ျဖန္႔ခ်ိသြားမွာပါ။ ဒါ့အျပင္ ဂိမ္းစက္တစ္ခုအတြက္လည္း ျဖန္႔ခ်ိသြားမယ္လို႔ သိရပါတယ္။

John Wick Hex ဟာ တုိက္ခုိက္မႈပုံစံကို ခ်က္ကစားနည္းအတိုင္း အကြက္ေရႊ႕ကစားရမယ့္ ဂိမ္းျဖစ္ပါတယ္။ အခုဂိမ္းကို John Wick ႐ုပ္ရွင္ဖန္တီးသူေတြနဲ႔ ပူးေပါင္းဖန္တီးထားၿပီး ႐ုပ္ရွင္က အမွတ္လကၡဏာျဖစ္တဲ့ gun-fu စတိုင္လ္ကုိ အမိအရယူထားတယ္လို႔ သိရပါတယ္။

John Wick Hex ဂိမ္းကို ကစားသူက ျပဳလိုက္တဲ့ လႈပ္ရွားတိုက္ခိုက္မႈေတြက ေနာက္ဆက္တြဲ အေၾကာင္းတရားေတြ ျဖစ္ေပၚလာမွာ ျဖစ္ပါတယ္။ John Wick Hex အတြင္းက လႈပ္ရွားမႈတိုင္းက ႐ုပ္ရွင္ထဲကလို ခံစားရမွာျဖစ္ၿပီး တိုက္ခိုက္မႈက အလုပ္တိုင္းမွာ တိုးတက္မႈျဖစ္ေပၚၿပီး နည္းဗ်ဴဟာက်တဲ့ စဥ္းစားေတြးေခၚမႈလည္း လိုအပ္ပါတယ္။

John Wick Hex ဟာ ႐ုပ္ရွင္နဲ႔မတူတဲ့ မူရင္းဇာတ္လမ္းတစ္ခုျဖစ္ပါတယ္။ ကစားသူအေနနဲ႔ ဂိမ္းတစ္ေလွ်ာက္ John Wick အတြက္ ဝတ္စုံသစ္နဲ႔ လက္နက္ေတြအျပင္ တည္ေနရာေတြလည္း unlock ျဖစ္သြားမွာ ျဖစ္ပါတယ္္။ ကစားသူေတြအေနနဲ႔ တိုက္ပြဲတစ္ခုအတြက္ နည္းဗ်ဴဟာက်တဲ့ လက္နက္ေတြ ေရြးခ်ယ္ဖို႔ လိုအပ္မယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ လက္နက္အတြက္ က်ည္ဆန္ေတြက အကန္႔အသတ္ရွိၿပီး သဘာဝက်ေအာင္ ျပဳလုပ္ထားပါတယ္။

စိုးထက္
Ref: GameSpot

[Unicode]

Thomas Was Alone နဲ့ Volume ဂိမ်းတွေကို ဖန်တီးခဲ့တဲ့ မိုက်ဘစ်ဟယ်ဟာ Bitchell Games စတူဒီယိုကနေ John Wick ရုပ်ရှင်စီးရီးအခြေခံ မြန်ဆန်ပြီး အက်ရှင်အသားပေး နည်းဗျူဟာဂိမ်းကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ ဂိမ်းအမည်က John Wick Hex ဖြစ်ကာ PC နဲ့ Mac ပေါ်က Epic Games Store မှာ သီးသန့်အဖြစ် ဖြန့်ချိသွားမှာပါ။ ဒါ့အပြင် ဂိမ်းစက်တစ်ခုအတွက်လည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
John Wick Hex ဟာ တိုက်ခိုက်မှုပုံစံကို ချက်ကစားနည်းအတိုင်း အကွက်ရွှေ့ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ အခုဂိမ်းကို John Wick ရုပ်ရှင်ဖန်တီးသူတွေနဲ့ ပူးပေါင်းဖန်တီးထားပြီး ရုပ်ရှင်က အမှတ်လက္ခဏာဖြစ်တဲ့ gun-fu စတိုင်လ်ကို အမိအရယူထားတယ်လို့ သိရပါတယ်။

John Wick Hex ဂိမ်းကို ကစားသူက ပြုလိုက်တဲ့ လှုပ်ရှားတိုက်ခိုက်မှုတွေက နောက်ဆက်တွဲ အကြောင်းတရားတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ John Wick Hex အတွင်းက လှုပ်ရှားမှုတိုင်းက ရုပ်ရှင်ထဲကလို ခံစားရမှာဖြစ်ပြီး တိုက်ခိုက်မှုက အလုပ်တိုင်းမှာ တိုးတက်မှုဖြစ်ပေါ်ပြီး နည်းဗျူဟာကျတဲ့ စဉ်းစားတွေးခေါ်မှုလည်း လိုအပ်ပါတယ်။

John Wick Hex ဟာ ရုပ်ရှင်နဲ့မတူတဲ့ မူရင်းဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ကစားသူအနေနဲ့ ဂိမ်းတစ်လျှောက် John Wick အတွက် ဝတ်စုံသစ်နဲ့ လက်နက်တွေအပြင် တည်နေရာတွေလည်း unlock ဖြစ်သွားမှာ ဖြစ်ပါတယ််။ ကစားသူတွေအနေနဲ့ တိုက်ပွဲတစ်ခုအတွက် နည်းဗျူဟာကျတဲ့ လက်နက်တွေ ရွေးချယ်ဖို့ လိုအပ်မယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်နက်အတွက် ကျည်ဆန်တွေက အကန့်အသတ်ရှိပြီး သဘာဝကျအောင် ပြုလုပ်ထားပါတယ်။

စိုးထက်
Ref: GameSpot