Offline အသုံးျပဳႏိုင္တဲ့ Apple CarPlay အေထာက္အပံ့ကို Sygic ဖန္တီးေန

Apple ဟာ iOS 12 မွာ CarPlay ကို third-party map software နဲ႔သုံးႏိုင္ေအာင္ လမ္းဖြင့္ေပးခဲ့တဲ့ေနာက္ အဲဒီအစီအစဥ္မွာ Sygic လည္းပါဝင္လာခဲ့ပါတယ္။

Sygic ေျမပုံေတြဟာ လြန္ခဲ့တဲ့ႏွစ္ႏွစ္အတြင္း CarPlay ဒါမွမဟုတ္ Android Auto မွာ မပါဝင္ခဲ့ပါဘူး။ Apple နဲ႔ Google တို႔က လမ္းညႊန္ေျမပုံေတြလုပ္ကုိင္ဖို႔ app တခ်ိဳ႕ကိုပဲ ခြင့္ျပဳထားခဲ့တာျဖစ္ပါတယ္။

Sygic အေနနဲ႔ WWDC ထုတ္ျပန္ခ်က္အၿပီးမွာ CarPlay အတြက္ေထာက္ပံ့မႈကို လုပ္ကုိင္ေနၿပီး လာမယ့္ရက္သတၱပတ္ အနည္းငယ္အတြင္း update ျဖန္႔ခ်ိသြားမယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ Sygic ရဲ႕ CarPlay ေထာက္ပံ့မႈထြက္ရွိဖို႔ အခ်ိန္အနည္းငယ္ ၾကာျမင့္ဦးမွာ ျဖစ္ပါတယ္။

Sygic ဟာ Apple Maps က မလုပ္ေပးႏိုင္တဲ့ offline လမ္းညႊန္ေထာက္ပံ့မႈကို ေပးႏိုင္ပါတယ္။ Apple Maps မွာ လိုအပ္တဲ့ offline mode မပါဝင္ဘဲ လိုအပ္တဲ့အခ်က္အလက္ေလာက္ပဲ cache လုပ္ေပးထားႏိုင္ပါတယ္။

Sygic app ဟာ offline အျပည့္အဝ အသုံးျပဳႏိုင္ၿပီး Predictive Routing (၂ ႏွစ္ညီမွ်တဲ့ သမိုင္းဆုိင္ရာ အခ်က္အလက္ အေျခခံ ယာဥ္လမ္းေၾကာခန္႔မွန္းမႈနဲ႔ ျမန္ႏႈန္းအကန္႔အသတ္ေတြနဲ႔ ၾကြယ္ဝတဲ့ POIs (Point of Interest database) တို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Apple ဟာ iOS 12 မှာ CarPlay ကို third-party map software နဲ့သုံးနိုင်အောင် လမ်းဖွင့်ပေးခဲ့တဲ့နောက် အဲဒီအစီအစဉ်မှာ Sygic လည်းပါဝင်လာခဲ့ပါတယ်။

Sygic မြေပုံတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း CarPlay ဒါမှမဟုတ် Android Auto မှာ မပါဝင်ခဲ့ပါဘူး။ Apple နဲ့ Google တို့က လမ်းညွှန်မြေပုံတွေလုပ်ကိုင်ဖို့ app တချို့ကိုပဲ ခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။

Sygic အနေနဲ့ WWDC ထုတ်ပြန်ချက်အပြီးမှာ CarPlay အတွက်ထောက်ပံ့မှုကို လုပ်ကိုင်နေပြီး လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း update ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် Sygic ရဲ့ CarPlay ထောက်ပံ့မှုထွက်ရှိဖို့ အချိန်အနည်းငယ် ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

Sygic ဟာ Apple Maps က မလုပ်ပေးနိုင်တဲ့ offline လမ်းညွှန်ထောက်ပံ့မှုကို ပေးနိုင်ပါတယ်။ Apple Maps မှာ လိုအပ်တဲ့ offline mode မပါဝင်ဘဲ လိုအပ်တဲ့အချက်အလက်လောက်ပဲ cache လုပ်ပေးထားနိုင်ပါတယ်။

Sygic app ဟာ offline အပြည့်အဝ အသုံးပြုနိုင်ပြီး Predictive Routing (၂ နှစ်ညီမျှတဲ့ သမိုင်းဆိုင်ရာ အချက်အလက် အခြေခံ ယာဉ်လမ်းကြောခန့်မှန်းမှုနဲ့ မြန်နှုန်းအကန့်အသတ်တွေနဲ့ ကြွယ်ဝတဲ့ POIs (Point of Interest database) တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena