Office 365 ကို Microsoft 365 လို့အမည်ပြောင်းလဲ

Microsoft ဟာ ၂၀၁၁ခုနှစ်မှာ နာမည်ကျော် office app တွေပါဝင်တဲ့ လစဉ်ကြေးပေးသွင်းရတဲ့ Office 365 ကိုမိတ်ဆက်လိုက်ပြီး ဝန်ဆောင်မှုကို တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ Office 365 ကို Microsoft 365 အဖြစ်အမည်ပြောင်းလိုက်တယ်လို့ ထုတ်ပြန်ထားပြီး တစ်ဦးချင်းနဲ့ အဖွဲ့စည်းတွေအတွက် feature တွေကိုလည်း မိတ်ဆက်လိုက်ပါတယ်။

Microsoft 365 အတွက် feature အသစ်တွေက desktop အတွက်ဖြစ်ပါတယ်။ Word နဲ့ Outlook.com မှာတည်းဖြတ်နိုင်တဲ့ feature သစ်ပါဝင်လာပါတယ်။ Android အတွက်လည်း feature အသစ်တွေ ဖြန့်ချိပေးခဲ့ပြီး iOS Outlook app မှာ Play My Emails ဆိုတဲ့လုပ်ဆောင်ချက်ပါဝင်လာပါတယ်။

Play My Emails ဆိုတာက inbox အတွင်းက အီးမေးလ်အသစ်တွေကို မြင်တွေ့နိုင်အောင် ပြုလုပ်ပေးမယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာနေတဲ့အခါမှာလည်း အဆင်သင့်ပုံစံနဲ့ မြင်နိုင်ပါမယ်။ ဒါ့အပြင် hands-free လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပြီး iOS နဲ့ Android ပေါ်မှာ သဘာဝကျတဲ့ ဘာသာစကားကိုလည်း မှတ်မိတဲ့ Microsoft Search ကိုအသုံးပြုနိုင်ပါတယ်။ ရှာဖွေမှုကို မြင်တွေ့နိုင်ဖို့ နေ့စဉ်အသုံးပြုနေတဲ့ ဘာသာစကားကို အသုံးပြုနိုင်ပါတယ်။ လာမယ့်လအတွင်း ရှာဖွေမှု လုပ်ဆောင်ချက်နဲ့ Play My Emails တို့ကို Android မှာ အသုံးပြုနိုင်ပါတော့မယ်။

မိသားစုလိုက် Microsoft 365 ကိုအသုံးပြုသူတွေအနေနဲ့ ‘Microsoft Family Safety’ လို့အမည်ရတဲ့ app အသစ်ကိုလည်း လာမယ့်လအတွင်း ကန့်သတ်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အဲဒီ app က Windows PC, Android နဲ့ Xbox က screen time တို့ကို စီမံနိုင်သလို မိသားစုဝင်တွေရဲ့ တည်နေရာကိုလည်း ကြည့်နိုင်ပါတယ်။ သုံးစွဲသူအချက်အလက်တွေကို third party နဲ့မဝေမျှဘူးလို့ Microsoft ကပြောထားပါတယ်။

-စိုးထက်
Ref: AndroidPolice