Oculus Quest 2 VR စတင်ရောင်းချ

Facebook ရဲ့ VR headset Oculus Quest 2 ကိုတော့ စတင် တင်ပို့ရောင်းချနေပြီ ဖြစ်ပါတယ်။ Quest 2 ဟာ ဈေးသက်သာပြီး ၂၀၁၉ Quest ကိုအပြောင်းအလဲလုပ်ထားတာ ဖြစ်ပါတယ်။

အခု ထုတ်ကုန်ကတော့ သီးသန့် အသုံးပြုနိုင်တဲ့ ထုတ်ကုန်ဖြစ်ပြီး chipset အသစ်နဲ့ ရုပ်ထွက်အရည်အသွေး ပိုမိုကောင်းမွန်ကာ ခလုတ်ဘက်ထရီသက်တမ်း တိုးတက်လာပါတယ်။ အခြေခံ 64GB မော်ကတော့ ၂၉၉ ဒေါ်လာနဲ့ 256GB ကတော့ ၃၉၉ ဒေါ်လာ ကျသင့်ပါမယ်။

စက်တင်ဘာလကတည်းက Quest 2 ကိုကြိုတင်မှာယူခွင့်ပြုထားခဲ့ပါတယ်။ Oculus ဝက်ဘ်ဆိုက်အပြင် Best Buy နဲ့ Walmart ကနေ ဝယ်ယူနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««