Oculus Go ကို Xiaomi က ဖန်တီးထားပြီး Snapdragon 821 processor ပါဝင်မည်

အောက်တိုဘာလက မိတ်ဆက်ကြေညာခဲ့တဲ့ ၁၉၉ ဒေါ်လာတန် Oculus Go နဲ့ပတ်သက်တဲ့ သတင်းအချို့ကို Facebook VR ဒုဥက္ကဋ္ဌ Hugo Barra က Qualcomm ရဲ့ CES 2018 သတင်းစာရှင်းလင်းပွဲမှာ ဝေမျှခဲ့ပါတယ်။

Oculus Go ရဲ့ hardware partner က Xiaomi ဖြစ်ပြီး Qualcomm ရဲ့ Snapdragon 821 ကိုအသုံးပြုထားတယ်လို့ Barra က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Xiaomi အနေနဲ့ တရုတ်နိုင်ငံအတွက် Mi VR Standalone မော်ဒယ်တစ်ခုကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။ အဲ့ဒီ headset ရဲ့ hardware က Oculus Go အတိုင်းတူညီတယ်လို့ သိရပါတယ်။

ဒီထုတ်ကုန်တွေကို ဖြန့်ချိမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

-နောင်နောင်
Ref: TheVerge