O’Chef (အွန်လိုင်းစားဖိုမှူး)

အင်တာနက်နဲ့ Facebook စာမျက်နှာတွေပေါ်က ဟင်းချက်နည်းမျိုးစုံကို တစ်နေရာတည်းကနေ လေ့လာနိုင်အောင် စုစည်းပေးထားတဲ့ ဟင်းချက်နည်း App ဖြစ်ပါတယ်။ မြန်မာ၊ တရုတ်၊ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ၊ ဥရောပ ဟင်းလျာချက်ပြုတ်နည်း အသစ်တွေကို နေ့စဉ်၊ အပတ်စဉ် တင်ပေးသွားမှာ ဖြစ်ပြီး ရှာဖွေရလွယ်ကူအောင် အသား/ငါးဟင်းလျာ၊ သက်သတ်လွတ်ဟင်းလျာ၊ အဆာပြေအစားအစာ၊ အချိုပွဲနဲ့ မုန့်မျိုးစုံစုံလုပ် စတဲ့အမျိုးအစား လေးမျိုးခွဲခြားပေးထားပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး အွန်လိုင်း Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကိုAndroid version 4.0.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««