OBS Studio ကို Ubuntu OS တွင်ထည့်သွင်းခြင်း

OBS Studio ဆိုတာကတော့ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေမှာ live ပြုလုပ်ဖို့နဲ့ streaming လုပ်ဆောင်ဖို့အတွက် သုံးစွဲရတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Ubuntu OS အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ OBS Studio ကိုထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Ubuntu OS မှာ OBS Studio ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

OBS Studio ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:obsproject/obs-studio

sudo apt-get update

sudo apt-get install obs-studio

ဆိုတဲ့ command ကို အသုံးပြုရမှာဖြစ်ပါတယ်။ အဆိုပါ command ကို အသုံးပြုပြီးရင် သက်ဆိုင်ရာ package တွေကို ထည့်သွင်းမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးရပါမယ်။ Package တွေကို download လုပ်ယူပြီးပြီဆိုရင် တစ်ခါတည်း ထည့်သွင်းပေးသွားပါလိမ့်မယ်။

လုပ်ငန်းစဉ်ပြီးဆုံးပြီဆိုပါက Ubuntu OS မှာ OBS Studio ကိုထည့်သွင်းပြီးပြီဖြစ်ပါတယ်။

အသုံးမပြုလိုတော့လို့ ပြန်လည်ဖယ်ရှားလိုတယ်ဆိုရင် sudo apt-get remove –autoremove obs-studio ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ