Nvidia Shield PRO 2019 Android TV Box

NVIDIA Tegra X1 ပရိုဆက်ဆာ ပါဝင်ထောက်ပံ့ပေးထားတဲ့ Nvidia Shield PRO 2019 Android TV Box ဖြစ်ပါတယ်။ သာမန် TV ကို စမတ်တီဗီအဖြစ် ပြောင်းလဲပေးပြီး ရုပ်ရှင်ကြည့်ခြင်းသာမက ဂိမ်းကစားခြင်းကိုပါ ဆောင်ရွက်နိုင်မှာပါ။ ဂိမ်းအတွက်ကိုလည်း ထောင်ပေါင်းများစွာသော ဂိမ်းတွေကို ရယူနိုင်မှာပါ။

မျိုးဆက်သစ် AI ကို အဆင့်မြှင့်ကာ အသုံးပြုထားပြီး ပိုမို ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံများအတွက် HD ဗီဒီယိုကို အချိန်နဲ့တစ်ပြေးညီ 4K အရည်အသွေးကို ပြောင်းပေးမှာပါ။ GPU က 256 Core ဖြစ်ပြီး RAM ပိုင်းအတွက် 3GB အထိ ထောက်ပံ့ပေးထားပါတယ်။ ROM ပိုင်းအတွက်ကိုတော့ 16GB အထိ ထောက်ပံ့ပေးထားပါတယ်။ ROM အတွက် Card Slot အနေနဲ့ သီးသန့် ထပ်မံတိုးလို့ မရပေမယ့် USB 3.0 ကနေ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ OS က Android 9.0 ဖြစ်ပါတယ်။ Resolution အမြင့်ဆုံး အနေနဲ့ 3840 x 2160p 60 fps မှာHDR လိုက်ဖက်တဲ့ HDR10, Dolby Vision HDCP အထောက်အပံ့ပေးထားပါတယ်။ ဗီဒီယို ဖိုင်တွေ အနေနဲ့ ASF, AVI, DivX, H.264 / AVC, H.265 / HEVC, M2TS, MKV, MOV, MP4, VP9, WEB-M, Xvid တွေ၊ အသံပိုင်းအနေနဲ့ AAC, AAC +, AMR, FLAC, MP3, OGG Vorbis, PCM, WMA, WMA Pro, eAAC +Dolby / DTS ကိုထောက်ပံ့ ပေးထားပါတယ်။ DTS-HD, DTS-X, Dolby Atmos, Dolby Digital, Dolby Digital Plus, Dolby TrueHD တွေ ရရှိမှာပါ။

WIFI က WIFI 5 802.11 a/b/g/n/ac ဖြစ်ပြီး Bluetooth ကတော့ Bluetooth 5.0 + LE ဖြစ်ပါတယ်။ Smart Antenna 2×2 MIMO လည်း ထောက်ပံ့ပေးထားပါတယ်။ ချိတ်ဆက်မှုအတွက် HDMI 2.0b, USB Port 2 x USB 3.0 Type-A , Gigabit Ethernet တွေပါဝင်ပါတယ်။

တန်ဖိုးက ၃၆၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ Current Android TV Box Store (MDY) ဖုန်း – ၀၉ ၇၉ ၁၉ ၇၄၇၈၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««