Nvidia ရဲ႕ GeForce GTX 1180 ကို ၾသဂုတ္လတြင္ ေတြ႕ျမင္ရဖြယ္ရိွ

[ Zawgyi ]

လက္ရိွမ်ိဳးဆက္ GeForce gaming GPU ေတြကို လြန္ခဲ့တဲ့ႏွစ္ႏွစ္က မိတ္ဆက္ခဲ့တဲ့ Nvidia ဟာ မ်ိဳးဆက္သစ္ GeForce GTX 11 စီးရီးေတြကို ၾသဂုတ္လမွာ မိတ္ဆက္သြားဖြယ္ရိွတယ္လို႔ သိရပါတယ္။

Nvidia အမႈေဆာင္အရာရိွခ်ဳပ္ Jensen Huang ဟာ မ်ိဳးဆက္သစ္ GeForce GPU ေတြကို သိပ္မၾကာခင္မွာ မိတ္ဆက္သြားမယ္လို႔ Computex မွာ ေျပာၾကားခဲ့တာေၾကာင့္ GeForce GTX 1180 ကို ၾသဂုတ္လမွာ ေတြ႕ျမင္ရမယ္ဆိုတဲ့ ထင္ေၾကးေတြ ထြက္ေပၚလာခဲ့ပါတယ္။ Nvidia ဟာ ၾသဂုတ္လမွာ ႏွစ္စဥ္က်င္းပေနက် Hot Chips ကြန္ဖရင့္စ္မွာ “NVIDIA’s Next Generation Mainstream GPU” ေခါင္းစဥ္နဲ႔ တင္ဆက္ဖို႔ ျပင္ဆင္ေနပါတယ္။

လက္ရိွမွာ Nvidia ဟာ ၾသဂုတ္ ၂၁ ရက္မွာက်င္းပမယ့္ Gamescom အတြက္ ဖိတ္စာေတြကို ေပးပို႔ထားပါတယ္။ ဒီဖိတ္ၾကားမႈကို Lenovo ထုတ္ကုန္မန္ေနဂ်ာက Nvidia GeForce GTX 11 စီးရီးေတြ အေၾကာင္းကို E3 ဗီဒီယိုတစ္ခုမွာ ထည့္သြင္းေျပာၾကား ခဲ့တဲ့ေနာက္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီ ဗီဒီယိုမွာ Lenovo တာဝန္ရိွသူက Lenovo gaming PC တစ္လံုးကို ရည္ညႊန္းၿပီး “1180 အထိရႏိုင္မယ့္ NVIDIA 11 စီးရီးေတြနဲ႔ ေစ်းကြက္တင္ဖို႔က သိပ္မလိုေတာ့ပါဘူး” လို႔ ေျပာၾကားခဲ့တာေၾကာင့္ NVIDIA GeForce GTX 1180 ကို သိပ္မၾကာခင္မွာ ေတြ႕ျမင္ရမယ္လို႔ ယူဆရပါတယ္။

Nvidia ရဲ႕ GeForce GTX 1180 ဟာ ဂိမ္းေတြကို 4K resolution နဲ႔အတူ 144Hz refresh rate နဲ႔ ကစားေစႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Acer နဲ႔ Asus တို႔ကလည္း 144Hz refresh rates, HDR နဲ႔ Nvidia G-Sync အေထာက္အပံ့ပါဝင္တဲ့ 4K gaming monitor ေတြကို စတင္ျဖန္႔ခ်ိေနပါတယ္။ အဆိုပါ ၂၇ လက္မ monitor ေတြဟာ ေဒၚလာ ၂,၀၀၀ က်သင့္ၿပီး GTX 1180 လို ကတ္တစ္ကတ္ လိုအပ္ပါတယ္။

ဒါ့အျပင္ GTX 1180 ဟာ ေကဘယ္တစ္ႀကိဳးတည္းကေန VR headset ေတြကို 120Hz အထိ output လုပ္ေပးႏိုင္တယ္လို႔လည္း Tom’s Hardware က ေဖာ္ျပခဲ့ပါတယ္။ ဆက္လက္ၿပီး Nividia ရဲ႕ ေနာက္ဆံုးေပၚနဲ႔ အေကာင္းဆံုး GPU မွာ 3,584 CUDA core ေတြပါဝင္ၿပီး clock speed က 1.6 နဲ႔ 1.8GHz ၾကားရိွကာ 16GB GDDR6 memory အထိ ရရိွႏိုင္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

လက်ရှိမျိုးဆက် GeForce gaming GPU တွေကို လွန်ခဲ့တဲ့နှစ်နှစ်က မိတ်ဆက်ခဲ့တဲ့ Nvidia ဟာ မျိုးဆက်သစ် GeForce GTX 11 စီးရီးတွေကို သြဂုတ်လမှာ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Nvidia အမှုဆောင်အရာရှိချုပ် Jensen Huang ဟာ မျိုးဆက်သစ် GeForce GPU တွေကို သိပ်မကြာခင်မှာ မိတ်ဆက်သွားမယ်လို့ Computex မှာ ပြောကြားခဲ့တာကြောင့် GeForce GTX 1180 ကို သြဂုတ်လမှာ တွေ့မြင်ရမယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။ Nvidia ဟာ သြဂုတ်လမှာ နှစ်စဉ်ကျင်းပနေကျ Hot Chips ကွန်ဖရင့်စ်မှာ “NVIDIA’s Next Generation Mainstream GPU” ခေါင်းစဉ်နဲ့ တင်ဆက်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိမှာ Nvidia ဟာ သြဂုတ် ၂၁ ရက်မှာကျင်းပမယ့် Gamescom အတွက် ဖိတ်စာတွေကို ပေးပို့ထားပါတယ်။ ဒီဖိတ်ကြားမှုကို Lenovo ထုတ်ကုန်မန်နေဂျာက Nvidia GeForce GTX 11 စီးရီးတွေ အကြောင်းကို E3 ဗီဒီယိုတစ်ခုမှာ ထည့်သွင်းပြောကြားခဲ့တဲ့နောက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ဗီဒီယိုမှာ Lenovo တာဝန်ရှိသူက Lenovo gaming PC တစ်လုံးကို ရည်ညွှန်းပြီး “1180 အထိရနိုင်မယ့် NVIDIA 11 စီးရီးတွေနဲ့ ဈေးကွက်တင်ဖို့က သိပ်မလိုတော့ပါဘူး” လို့ ပြောကြားခဲ့တာကြောင့် NVIDIA GeForce GTX 1180 ကို သိပ်မကြာခင်မှာ တွေ့မြင်ရမယ်လို့ ယူဆရပါတယ်။

Nvidia ရဲ့ GeForce GTX 1180 ဟာ ဂိမ်းတွေကို 4K resolution နဲ့အတူ 144Hz refresh rate နဲ့ ကစားစေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Acer နဲ့ Asus တို့ကလည်း 144Hz refresh rates, HDR နဲ့ Nvidia G-Sync အထောက်အပံ့ပါဝင်တဲ့ 4K gaming monitor တွေကို စတင်ဖြန့်ချိနေပါတယ်။ အဆိုပါ ၂၇ လက်မ monitor တွေဟာ ဒေါ်လာ ၂,၀၀၀ ကျသင့်ပြီး GTX 1180 လို ကတ်တစ်ကတ် လိုအပ်ပါတယ်။

ဒါ့အပြင် GTX 1180 ဟာ ကေဘယ်တစ်ကြိုးတည်းကနေ VR headset တွေကို 120Hz အထိ output လုပ်ပေးနိုင်တယ်လို့လည်း Tom’s Hardware က ဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး Nividia ရဲ့ နောက်ဆုံးပေါ်နဲ့ အကောင်းဆုံး GPU မှာ 3,584 CUDA core တွေပါဝင်ပြီး clock speed က 1.6 နဲ့ 1.8GHz ကြားရှိကာ 16GB GDDR6 memory အထိ ရရှိနိုင်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge