NVIDIA ရဲ့ ပရိုအဆင့်ရှိ RTX A6000 နဲ့ A40 GPU များ

NVIDIA ဟာ Ampere တည်ဆောက်မှုအသစ် ပါဝင်တဲ့ ပရော်ဖက်ရှင်နယ်သုံး RTX A6000 နဲ့ A40 တို့ကို မိတ်ဆက်လိုက်ပါတယ်။

စွမ်းဆောင်ရည်မြင့် NVIDIA RTX A6000 နဲ့ A40 တို့က ဒေါ်လာ ၁,၄၉၉ တန်ဖိုးရှိ RTX 3090 ထက်သာလွန်ပြီး 10,752 CUDA core နဲ့ RAM 48GB တို့ပါဝင်လာပါတယ်။ ဒါ့အပြင် RTX 8000 နဲ့ 6000 Quadro GPU နေရာ ဆက်ခံသွားပါမယ်။

NVIDIA ကတော့ ကတ်အသစ် ၂ မျိုးရဲ့ clock speed အချက်အလက် အသေးစိတ်ကိုတော့ မထုတ်ပြန်ထားပါဘူး။ သတင်းအရ RTX 3080 နဲ့ 3090 တို့ရဲ့ စူပါဗားရှင်းဖြစ်ဖွယ် ရှိပါတယ်။ ကတ်တွေမှာ GA102 GPU ပါဝင်ပြီး A40 မှာတော့ နှေးကွေးတဲ့ 14.5 Gbps memory clock နဲ့ အအေးခံစနစ် ပါဝင်လာပါတယ်။

NVIDIA RTX A6000 နဲ့ A40 ကတ်တွေမှာ နှေးတဲ့ GDDR6 RAM ပါဝင်ပြီး စွမ်းဆောင်ရည်က 3080 နဲ့ 3090 အကြားမှာ ရှိနိုင်တယ်လို့ Anandtech ကဖော်ပြခဲ့ပါတယ်။

စိုးထက်

Ref: Engadget