Nvidia က RTX 3080 GPU ကိုမိတ်ဆက်

Nvidai ဟာ GeForce RTX 3000 စီးရီး graphic card တွေကို မိတ်ဆက်လိုက်ပါတယ်။ Nvidia က ကတ်အသစ်တွေကို အမြည်းမိတ်ဆက်နေတာ ရက်သတ္တပတ် အနည်းငယ်ရှိပါပြီ။ RTX 3080 တရားဝင် မိတ်မဆက်ခင်က အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ Nvidia ရဲ့ Ampere တည်ဆောက်မှု တည်ဆောက်ထားတဲ့ RTX 3080 ဟာ စွမ်းဆောင်ရည်နဲ့ ray-tracing ထောက်ပံ့မှု တိုးတက်လာပါတယ်။

RTX 3080 ဟာ RTX 2080 ထက် နှစ်ဆမြန်ဆန်ပါတယ်။ ကတ်မှာ 10GB GDDR6X memory နဲ့ ဈေးနှုန်းက ၆၉၉ ဒေါ်လာ ကျသင့်ပြီး စက်တင်ဘာ ၁၇ ရက်မှာ ရောင်းချပါမယ်။ Nvidia ဟာ RTX 3080 ပေါ်မှာ 8,704 CUDA ကို 1.71Ghz boost clock ပေါင်းစပ် အသုံးပြုထားပါတယ်။

GPU အသစ်မှာ thermal ဒီဇိုင်း ပါဝင်လာပါတယ်။ ကတ်မှာ ပါဝင်တဲ့ အအေးပေးစနစ်ကြောင့် လေဝင်၊ လေထွက် တိုးတက်လာပြီး RTX 2080 ထက်သာလွန်နေပါတယ်။

စိုးထက်
Ref: TheVerge