NuVision Tablet

တန်ဖိုး – ကန်ဒေါ်လာ ၁၂၉.၉၉

အားသာချက်

ချိုသာတဲ့ဈေးနှုန်းက ဒီ tablet ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး tablet မှာသုံးစွဲထားတဲ့ Operating System က Windows ကို အ သုံးပြုထားတာဖြစ်ပါတယ်။ Microsoft Universal Folding Keyboard ကို တပ်ဆင်သုံးဆွဲ မယ်ဆိုရင် ကွန်ပျူတာကဲ့သို့အသုံး ပြုနိုင်မှာဖြစ်ပါတယ်။

အားနည်းချက်

မြင်ကွင်းကျယ်ကျယ်သုံးစွဲ ချင်သူတွေအတွက်တော့ ဒီ tablet ကိုသိပ်ပြီး စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။ Microsoft Universal Folding keyboard ကို တပ်ဆင် သုံးစွဲဖို့ အတွက် ထပ်မံ ငွေပေးချေပြီး ဝယ်ယူရမှာဖြစ် ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Atom x5-Z8300 Quad-core Processor ကိုအ သုံးပြုထားပြီး Processor မြန်နှုန်းကတော့ 1.44GHz ရှိမှာ ဖြစ်ပါတယ်။ RAM ပိုင်းအတွက် 2GB တပ်ဆင် အသုံးပြုပေးထား သလို အချက်အလက် သိမ်းဆည်း ဖို့အတွက် storage ကိုတော့ 32GB ထောက်ပံ့ပေးထားမှာဖြစ် ပါတယ်။ Storage များများသုံးစွဲ လိုသူတွေ အနေနဲ့ကတော့ microSD ကို ထပ်မံထည့်သွင်း သုံးစွဲနိုင်ဖို့ အထောက် အပံ့ပေး ထားပါတယ်။ NuVision ရဲ့ Display အရွယ်အစား က ၈ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 1200 x 1920 ရှိမှာဖြစ် ပါတယ်။ ဒီ tablet မှာထည့်သွင်း အသုံးပြုထားတဲ့ Operating System ကတော့ Windows 10 Home (32-bit) ဖြစ်ပါတယ်။ Rear camera ကတော့ 5 megapixels ခန့်ရှိမှာဖြစ်ပြီး Front camera ကတော့ 2 megapixels ခန့်ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကိုတော့ 3400 mAh သုံးစွဲထားပြီး ၆ နာရီဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««