
Nutty ဆိုတာကတော့ Linux အတွက် ထုတ်လုပ်ထားတဲ့ network ကို စောင့်ကြည့်နိုင်မယ့် open-source ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ Nutty ကို ထည့်သွင်းဖို့အတွက် ဖော်ပြပါနည်းလမ်းအတိုင် းထည့်သွင်းနိုင်ပါတယ်။
Ubuntu OS မှာ Nutty ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ် ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Nutty ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –
sudo add-apt-repository ppa:bablu-boy/nutty
sudo add-apt-repository ppa:elementary-os/stable
sudo apt update; sudo apt install com.github.babluboy.nutty
ဆိုတဲ့ command တွေဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အသုံးမပြုလိုတော့ဘူးဆိုရင် sudo apt remove com.github.babluboy.nutty ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
-သီဟ