NUCLUN application processor ပါဝင်သည့် G3 Screen phablet ကို LG မိတ်ဆက်

LG-G3-Screen1.jpg

တောင်ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီဖြစ်သော LG သည် ကုမ္ပဏီပိုင် NUCLUN SoC အသုံးပြုထားသော ပထမဦးဆုံး ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။

LG G3 Screen ဟုခေါ်သည့် phablet တွင် Odin ဟု လူသိများသော ကုမ္ပဏီပိုင် NUCLUN application processor ကို အသုံးပြုထားသည်။ ၎င်းတွင် ARM ပေါ်၌ အခြေခံထားသော octa-core processor ကို အသုံးပြုထားသည်။

G3 Screen တွင် ၅.၉ လက်မ Full HD IPS  LCD  screen, 1-Watt high-quality speaker, 1.3 me-gapixel rear-facing camera တို့ကို အသုံးပြုထားသည်။ LTE-A ဝန်ဆောင်မှုများကို ထောက်ပံ့ပေးထားပြီး ၎င်းကို တောင်ကိုရီးယား ဆက်သွယ်ရေး ကုမ္ပဏီ LG Uplus ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်သည်။

LG G3 Screen တွင် ဖယ်ရှားနိုင်သည့် 3,000 mAh ဘက်ထရီ၊ 2GB RAM နှင့် 32GB သိုလှောင်မှု ပမာဏ ပါဝင်သည်။ Android 4.4 KitKat ကို အသုံးပြုထားပြီး တန်ဖိုးက ဝမ် ၈၀၃,၀၀၀ (အမေရိကန် ဒေါ်လာ ၇၅၇) ဖြစ်သည်။ ၎င်း phablet ကို လက်ရှိတွင် တောင်ကိုရီးယား တစ်နိုင်ငံတည်းတွင်သာ ရောင်းချမည်ဖြစ်ပြီး ကျန်နိုင်ငံများထံ တင်ပို့ရောင်းချမည့် အစီအစဉ်ကို မသိရှိသေးကြောင်း LG မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

-နောင်နောင်
(Ref: CNET)