NS လိုင်စင်မှ NFS (I) လိုင်စင်သို့ အသွင်ကူးပြောင်း လျှောက်ထားသော ကုမ္ပဏီ ၅ ခုရှိ

NS လိုင်စင်မှ NFS (I) လိုင်စင်သို့ အသွင်ကူးပြောင်းလျှောက်ထားသော ကုမ္ပဏီ ၅ ခုရှိလာ ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းအရ သိရခြင်းဖြစ်သည်။ အဆိုပါလိုင်စင် (Network Service Lincence မှ Network Facilities Service Individual Lincence) သို့ ကူးပြောင်းလျှောက်ထားခဲ့သော လိုင်စင်များမှာ Amara Communications Co.,Ltd , Kinetic Myanmar Technology Co.,Ltd , Myanmar World Distribution Trading Co.,Ltd, Nex Ge Net Co.,Ltd, Bluewave Broadband Limited တို့ဖြစ် ကြောင်း သိရသည်။