nova 5, nova 5 Pro နဲ႔ nova 5i တို႔ကုိ Huawei ထုတ္ေဖာ္ျပသ

[ Zawgyi ]

Huawei ဟာ တ႐ုတ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ထုတ္ကုန္မ်ားစြာကုိ ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ အဲဒီပြဲမွာ အထူးျခားဆုံး ထုတ္ကုန္ေတြကေတာ့ nova 5 စမတ္ဖုန္း ၃ မ်ိဳးျဖစ္ၿပီး Kirin 980 ပါဝင္တဲ့ Huawei nova 5 Pro, Kirin 810 ပါဝင္တဲ့ Huawei nova 5 နဲ႔ Huawei nova 5i တို႔ကုိ ျပသခဲ့ပါတယ္။

Huawei nova 5 Pro

Huawei nova 5 Pro မွာ OLED panel အသုံးျပဳထားၿပီး ေရာင္စုံထုတ္လုပ္ထားကာ under-display fingerprint scanner ပါဝင္လာပါတယ္။ ဖုန္းရဲ႕ display အရြယ္က ၆.၃၉ လက္မျဖစ္ၿပီ Full HD+ ႐ုပ္ထြက္အရည္အေသြးနဲ႔ ေရစက္ပုံစံ notch မွာ 32MP selfie ကင္မရာ ထည့္သြင္းထားပါတယ္။

က်ာဘက္မွာေတာ့ ကင္မရာ ၄ လုံးပါဝင္ၿပီး 48MP ကင္မရာ၊ 16MP wide-angle lens, 2MP depth sensor နဲ႔ 2MP macro ကင္မရာတို႔ ပါဝင္လာပါတယ္။

ဖုန္းမွာ RAM 8GB, storage 128GB ဒါမွမဟုတ္ 256GB နဲ႔အတူ Kirin 980 chipset ပါဝင္လာပါတယ္။ nova 5 Pro မွာ 4,000 mAh အတြက္ 40W Huawei SuperCharge ပါဝင္လာပါတယ္။ 8/128GB ေမာ္ဒယ္အတြက္ ၄၃၅ ေဒၚလာ က်သင့္ၿပီး 8/256GB အတြက္ ေဒၚလာ ၅၀၀ က်သင့္မွာ ျဖစ္ပါတယ္။

Huawei nova 5 Pro Limited Edition ကေတာ့ ေဒၚလာ ၅၅၀ က်သင့္ကာ FreeLace နားၾကပ္ပါဝင္လာမွာ ျဖစ္ပါတယ္။ nova 5 Pro ကို ဇြန္လ ၂၈ ရက္မွာ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ပါတယ္။

Huawei nova 5

Huawei nova 5 ဟာ Kirin 810 chipset ပါဝင္တဲ့ ပထမဆုံးဖုန္းျဖစ္ပါတယ္။ Huawei nova 5 ကုိ ဇူလိုင္လလယ္မွ ျဖန္႔ခ်ိဖို႔ စီစဥ္ထားပါတယ္။ ဖုန္းမွာ Cortex A76 core ႏွစ္ခုပါဝင္ၿပီး 2.27GHz နဲ႔ အားေကာင္းတဲ့ Cortex-A55 core 1.88GHz နဲ႔ Mali-G52 MP6 GPU တို႔ပါဝင္လာပါတယ္။

nova 5 ဟာ nova 5 Pro နဲ႔ဒီဇိုင္းပုိင္း ဆင္ၿပီး ေရွ႕ဘက္မွာ OLED notch နဲ႔ေက်ာဘက္မွာ ကင္မရာ ၄ လုံး ပါဝင္လာပါတယ္။

nova 5 ကုိ 8/128GB ေမာ္ဒယ္တစ္မ်ိဳးတည္းပဲ ထုတ္လုပ္ထားၿပီး ၄၃၅ ေဒၚလာနဲ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။

Huawei nova 5i

Huawei nova 5i မွာေတာ့ Kirin 710 ပါဝင္ၿပီး punch hole ကင္မရာဒီဇိုင္းကုိ အသုံးျပဳထားပါတယ္။

ဖုန္းရဲ႕ေက်ာဘက္မ်ာ fingerprint scanner နဲ႔ ကင္မရာ ၄ လုံး ပါဝင္လာပါတယ္။ အဲဒီကင္မရာေတြမွာေတာ့ 24MP+ 8MP wideangle+ 2MP depth sensor နဲ႔ 2MP macro lens တို႔ပါဝင္လာပါတယ္။ ဖုန္းရဲ႕ memory ေတြကေတာ့ 6GB+ 128GB ဒါမွမဟုတ္ 8GB+ 128GB တို႔ျဖစ္ပါတယ္။

ဘက္ထရီပမာဏက 4,000 mAh ျဖစ္ၿပီး nova 5 နဲ႔ nova 5 Pro တို႔နဲ႔မတူညီတဲ့အခ်က္က nova 5i မွာ 18W အားသြင္းျမန္ဆန္တဲ့စနစ္ ပါဝင္လာပါတယ္။

Huawei nova 5i ကုိ အနက္၊ အနီ၊ အျပာ အေရာင္သံုးမ်ိဳး ထုတ္လုပ္ထားၿပီး ေဒၚလာ ၂၉၀ ဒါမွမဟုတ္ ေဒၚလာ ၃၂၀ က်သင့္မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Huawei ဟာ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့သောကြာနေ့က ထုတ်ကုန်များစွာကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီပွဲမှာ အထူးခြားဆုံး ထုတ်ကုန်တွေကတော့ nova 5 စမတ်ဖုန်း ၃ မျိုးဖြစ်ပြီး Kirin 980 ပါဝင်တဲ့ Huawei nova 5 Pro, Kirin 810 ပါဝင်တဲ့ Huawei nova 5 နဲ့ Huawei nova 5i တို့ကို ပြသခဲ့ပါတယ်။

Huawei nova 5 Pro

Huawei nova 5 Pro မှာ OLED panel အသုံးပြုထားပြီး ရောင်စုံထုတ်လုပ်ထားကာ under-display fingerprint scanner ပါဝင်လာပါတယ်။ ဖုန်းရဲ့ display အရွယ်က ၆.၃၉ လက်မဖြစ်ပြီ Full HD+ ရုပ်ထွက်အရည်အသွေးနဲ့ ရေစက်ပုံစံ notch မှာ 32MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။

ကျောဘက်မှာတော့ ကင်မရာ ၄ လုံးပါဝင်ပြီး 48MP ကင်မရာ၊ 16MP wide-angle lens, 2MP depth sensor နဲ့ 2MP macro ကင်မရာတို့ ပါဝင်လာပါတယ်။

ဖုန်းမှာ RAM 8GB, storage 128GB ဒါမှမဟုတ် 256GB နဲ့အတူ Kirin 980 chipset ပါဝင်လာပါတယ်။ nova 5 Pro မှာ 4,000 mAh အတွက် 40W Huawei SuperCharge ပါဝင်လာပါတယ်။ 8/128GB မော်ဒယ်အတွက် ၄၃၅ ဒေါ်လာ ကျသင့်ပြီး 8/256GB အတွက် ဒေါ်လာ ၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

Huawei nova 5 Pro Limited Edition ကတော့ ဒေါ်လာ ၅၅၀ ကျသင့်ကာ FreeLace နားကြပ်ပါဝင်လာမှာ ဖြစ်ပါတယ်။ nova 5 Pro ကို ဇွန်လ ၂၈ ရက်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

Huawei nova 5

Huawei nova 5 ဟာ Kirin 810 chipset ပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ Huawei nova 5 ကို ဇူလိုင်လလယ်မှ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဖုန်းမှာ Cortex A76 core နှစ်ခုပါဝင်ပြီး 2.27GHz နဲ့ အားကောင်းတဲ့ Cortex-A55 core 1.88GHz နဲ့ Mali-G52 MP6 GPU တို့ပါဝင်လာပါတယ်။

nova 5 ဟာ nova 5 Pro နဲ့ဒီဇိုင်းပိုင်း ဆင်ပြီး ရှေ့ဘက်မှာ OLED notch နဲ့ကျောဘက်မှာ ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။

nova 5 ကို 8/128GB မော်ဒယ်တစ်မျိုးတည်းပဲ ထုတ်လုပ်ထားပြီး ၄၃၅ ဒေါ်လာနဲ့ရောင်းချမှာ ဖြစ်ပါတယ်။

Huawei nova 5i

Huawei nova 5i မှာတော့ Kirin 710 ပါဝင်ပြီး punch hole ကင်မရာဒီဇိုင်းကို အသုံးပြုထားပါတယ်။

ဖုန်းရဲ့ကျောဘက်မျာ fingerprint scanner နဲ့ ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။ အဲဒီကင်မရာတွေမှာတော့ 24MP+ 8MP wideangle+ 2MP depth sensor နဲ့ 2MP macro lens တို့ပါဝင်လာပါတယ်။ ဖုန်းရဲ့ memory တွေကတော့ 6GB+ 128GB ဒါမှမဟုတ် 8GB+ 128GB တို့ဖြစ်ပါတယ်။

ဘက်ထရီပမာဏက 4,000 mAh ဖြစ်ပြီး nova 5 နဲ့ nova 5 Pro တို့နဲ့မတူညီတဲ့အချက်က nova 5i မှာ 18W အားသွင်းမြန်ဆန်တဲ့စနစ် ပါဝင်လာပါတယ်။

Huawei nova 5i ကို အနက်၊ အနီ၊ အပြာ အရောင်သုံးမျိုး ထုတ်လုပ်ထားပြီး ဒေါ်လာ ၂၉၀ ဒါမှမဟုတ် ဒေါ်လာ ၃၂၀ ကျသင့်မှာ ဖြစ်ပါတယ်။

Ref: GSMArena