Nothing ကုမ္ပဏီကို ကားလ်ပိုင် မိတ်ဆက်

OnePlus တွဲဖက်တည်ထောင်သူ ကားလ်ပိုင်ဟာ Nothing အမှတ်တံဆိပ် venture ကုမ္ပဏီကို မိတ်ဆက်ခဲ့ပါတယ်။ လန်ဒန်မှာ အခြေစိုက်သွားမယ့် ကားလ်ပိုင်ရဲ့ Nothing ဟာ ခေတ်ရှေ့ပြေး လူသုံးကုန် နည်းပညာသစ် ကုမ္ပဏီဖြစ်တယ်လို့ ပြောခဲ့ပေမယ့် ထုတ်ကုန်သစ်ကိုတော့ မိတ်မဆက်ခဲ့ပါဘူး။

ကားလ်ပိုင်ဟာ မနှစ်က အောက်တိုဘာလမှာ OnePlus ကထွက်ခွာခဲ့ပြီး Nothing စတင် လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ OnePlus မှာ စီအီးအို ပီတီလူနဲ့ တွဲဖက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာတော့ နာမည်ကျော် ရင်းနှီးမြှုပ်နှံသူတွေဆီက venture ကုမ္ပဏီအသစ်အတွက် ဒေါ်လာ ၇ သန်းရထားတယ်လို့ ကြေညာခဲ့ပါတယ်။

Nothing ဟာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ ပထမဆုံး စမတ်ထုတ်ကုန်တွေ မိတ်ဆက်မယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««