Notched display နဲ႔ Helio P60 ပါဝင္တဲ့ Nokia X5

HMD Global ဟာ Nokia X5 စမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ခဲ့ပါတယ္။ ဒီစမတ္ဖုန္းဟာ ေမလက မိတ္ဆက္ခဲ့တဲ့ Nokia X6 ၿပီးရင္ notched display ပါဝင္တဲ့ ဒုတိယေျမာက္ X စီးရီးစမတ္ဖုန္း ျဖစ္ပါတယ္။

Nokia X5 Specification နဲ႔ Feature မ်ား

Nokia X5 ကို Night Black, Baltic Sea Blue နဲ႔ Glacier White ဆိုၿပီး အေရာင္သံုးမ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။ ဟန္းဆက္အရြယ္အစားက ၁၄၉.၅၁ x ၇၁.၉၈ x ၈.၀၉၆ မီလီမီတာျဖစ္ၿပီး အေလးခ်ိန္က ၁၆၀ ဂရမ္ ျဖစ္ပါတယ္။

ဒီဟန္းဆက္မွာ ၅.၈၆ လက္မ screen ပါဝင္ၿပီး 19:9 aspect ratio နဲ႔HD+ resolution (1520 x 720 pixels) နဲ႔ ေဖာ္ျပေပးႏိုင္ပါတယ္။ Display မွာ notch တစ္ခုပါဝင္ၿပီး screen-to-body အခ်ိဳးက ၈၄ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ Screen ကေန အျပာေရာင္အလင္း ထုတ္လႊတ္မႈေၾကာင့္ မ်က္စိထိခိုက္မႈကို ေလွ်ာ့ခ်ေပးမယ့္ eye protection mode ပါဝင္ပါတယ္။

Nokia X5 မွာ MediaTek Helio P60 SoC ကိုသံုးထားတဲ့အတြက္ ျမင့္မားတဲ့ စြမ္းေဆာင္ရည္ကို စြမ္းအင္သံုးစြဲမႈနည္းပါးစြာနဲ႔ ရရိွႏိုင္မွာျဖစ္ပါတယ္။ Gaming စြမ္းေဆာင္ရည္ကို ၇၀ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္ေစၿပီး AI အေျခခံ စြမ္းအင္သံုးစြဲမႈသက္သာတဲ့ နည္းပညာကိုလည္း ထည့္သြင္းထားပါတယ္။ RAM ကို 3GB နဲ႔ 4GB ဆိုၿပီး ရရိွႏိုင္သလို storage ကိုလည္း 32GB နဲ႔ 64GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ သိုေလွာင္မႈပမာဏကို တိုးျမွင့္ဖို႔အတြက္ microSD card slot တစ္ခုလည္း ပါဝင္ပါတယ္။ ဘက္ထရီက 3,060mAh ျဖစ္ပါတယ္။

ေက်ာဘက္မွာ f/2.0 aperture 13-megapixel + 5-megapixel ကင္မရာႏွစ္ခု ပါဝင္ပါတယ္။ အဲ့ဒီ dual camera စနစ္ကို dual-tone LED flash, HDR mode, PDAF, depth-field lens, AI စနစ္သံုး portrait photography mode စတဲ့ feature ေတြနဲ႔ အသံုးျပဳႏိုင္ပါတယ္။

Selfie ကင္မရာက 8-megapixel f/2.0 aperture ျဖစ္ၿပီး AI beauty, AI stickers နဲ႔ AI background blurring effect အျပင္ အေရွ႕ဘက္နဲ႔ ေက်ာဘက္ကင္မရာေတြကို တစ္ၿပိဳင္တည္းသံုးႏိုင္တဲ့ dual-view shooting mode တို႔နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။

အေရွ႕ဘက္ကင္မရာကို face unlock feature အေနနဲ႔လည္း သံုးႏိုင္ပါတယ္။ စမတ္ဖုန္းရဲ႕ေက်ာဘက္မွာ fingerprint reader ကို တပ္ဆင္ထားပါတယ္။
Operating system က Android 8.1 Oreo ျဖစ္ၿပီး Android 9.0 ကို update လုပ္ႏိုင္မယ္လို႔ ကုမၸဏီက အတည္ျပဳခဲ့ပါတယ္။

အျခား feature ေတြအေနနဲ႔ USB-C, 3.5mm audio jack, dual-SIM support, Cat.4 LTE modem, 4G VoLTE, Wi-Fi 802.11ac, Bluetooth 4.2, GPS နဲ႔ GLONASS တို႔ ပါဝင္ပါတယ္။

Nokia X5 ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္အခ်ိန္

Nokia X5 ရဲ႕ေစ်းႏႈန္းက 32GB အတြက္ ၁၄၉ ေဒၚလာျဖစ္ၿပီး 64GB အတြက္ ၂၀၈ ေဒၚလာျဖစ္ပါတယ္။ ဒီစမတ္ဖုန္းကို ဇူလိုင္ ၁၉ ကစၿပီး တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်မွာသြားမွာျဖစ္ပါတယ္။ ႏိုင္ငံတကာေစ်းကြက္မွာ ေရာင္းခ်မယ့္အခ်ိန္ကိုေတာ့ HMD Global က မေျပာၾကားေသးပါဘူး။

[foogallery id=”88620″]

Ref: GizmoChina

[ Unicode ]

HMD Global ဟာ Nokia X5 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီစမတ်ဖုန်းဟာ မေလက မိတ်ဆက်ခဲ့တဲ့ Nokia X6 ပြီးရင် notched display ပါဝင်တဲ့ ဒုတိယမြောက် X စီးရီးစမတ်ဖုန်း ဖြစ်ပါတယ်။

Nokia X5 Specification နဲ့ Feature များ

Nokia X5 ကို Night Black, Baltic Sea Blue နဲ့ Glacier White ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ဟန်းဆက်အရွယ်အစားက ၁၄၉.၅၁ x ရ၁.၉၈ x ၈.၀၉၆ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၆၀ ဂရမ် ဖြစ်ပါတယ်။

ဒီဟန်းဆက်မှာ ၅.၈၆ လက်မ screen ပါဝင်ပြီး 19:9 aspect ratio နဲ့HD+ resolution (1520 x 720 pixels) နဲ့ ဖော်ပြပေးနိုင်ပါတယ်။ Display မှာ notch တစ်ခုပါဝင်ပြီး screen-to-body အချိုးက ၈၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Screen ကနေ အပြာရောင်အလင်း ထုတ်လွှတ်မှုကြောင့် မျက်စိထိခိုက်မှုကို လျှော့ချပေးမယ့် eye protection mode ပါဝင်ပါတယ်။

Nokia X5 မှာ MediaTek Helio P60 SoC ကိုသုံးထားတဲ့အတွက် မြင့်မားတဲ့ စွမ်းဆောင်ရည်ကို စွမ်းအင်သုံးစွဲမှုနည်းပါးစွာနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ Gaming စွမ်းဆောင်ရည်ကို ရ၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပြီး AI အခြေခံ စွမ်းအင်သုံးစွဲမှုသက်သာတဲ့ နည်းပညာကိုလည်း ထည့်သွင်းထားပါတယ်။ RAM ကို 3GB နဲ့ 4GB ဆိုပြီး ရရှိနိုင်သလို storage ကိုလည်း 32GB နဲ့ 64GB ဆိုပြီး ရရှိနိုင်ပါတယ်။ သိုလှောင်မှုပမာဏကို တိုးမြှင့်ဖို့အတွက် microSD card slot တစ်ခုလည်း ပါဝင်ပါတယ်။ ဘက်ထရီက 3,060mAh ဖြစ်ပါတယ်။

ကျောဘက်မှာ f/2.0 aperture 13-megapixel + 5-megapixel ကင်မရာနှစ်ခု ပါဝင်ပါတယ်။ အဲ့ဒီ dual camera စနစ်ကို dual-tone LED flash, HDR mode, PDAF, depth-field lens, AI စနစ်သုံး portrait photography mode စတဲ့ feature တွေနဲ့ အသုံးပြုနိုင်ပါတယ်။

Selfie ကင်မရာက 8-megapixel f/2.0 aperture ဖြစ်ပြီး AI beauty, AI stickers နဲ့ AI background blurring effect အပြင် အရှေ့ဘက်နဲ့ ကျောဘက်ကင်မရာတွေကို တစ်ပြိုင်တည်းသုံးနိုင်တဲ့ dual-view shooting mode တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။

အရှေ့ဘက်ကင်မရာကို face unlock feature အနေနဲ့လည်း သုံးနိုင်ပါတယ်။ စမတ်ဖုန်းရဲ့ကျောဘက်မှာ fingerprint reader ကို တပ်ဆင်ထားပါတယ်။
Operating system က Android 8.1 Oreo ဖြစ်ပြီး Android 9.0 ကို update လုပ်နိုင်မယ်လို့ ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။

အခြား feature တွေအနေနဲ့ USB-C, 3.5mm audio jack, dual-SIM support, Cat.4 LTE modem, 4G VoLTE, Wi-Fi 802.11ac, Bluetooth 4.2, GPS နဲ့ GLONASS တို့ ပါဝင်ပါတယ်။

Nokia X5 စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်

Nokia X5 ရဲ့စျေးနှုန်းက 32GB အတွက် ၁၄၉ ဒေါ်လာဖြစ်ပြီး 64GB အတွက် ၂၀၈ ဒေါ်လာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို ဇူလိုင် ၁၉ ကစပြီး တရုတ်နိုင်ငံမှာ ရောင်းချမှာသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာစျေးကွက်မှာ ရောင်းချမယ့်အချိန်ကိုတော့ HMD Global က မပြောကြားသေးပါဘူး။

[foogallery id=”88620″]

Ref: GizmoChina