အသစ္ထြက္မယ့္ Google Pixel 3 XL ရဲ႕ ေရွ႕ေျပးဒီဇိုင္းလို႔ယူဆရတဲ့ ဓာတ္ပံုႏွစ္ပံုဟာ ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။
ဒီဓာတ္ပံုေတြဟာ XDA ဖိုရမ္ေတြကေန ပထမဆံုး ထြက္ေပၚလာခဲ့တာျဖစ္ၿပီး Android Police က ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ဖုန္းရဲ႕ ျပင္ပဒီဇိုင္းမွာ notch, chin, stereo speaker ေတြနဲ႔ ေက်ာဘက္ကင္မရာတစ္ခုတို႔ကို ျပသထားပါတယ္။ ေက်ာဘက္မွာေတာ့ Google ရဲ႕ သေကၤတ G အစား အျခားသေကၤတတစ္ခုကို ထည့္သြင္းထားပါတယ္။ အဲ့ဒီ သေကၤတဟာ ေနာက္ဆံုး ေရွ႕ေျပးထုတ္ကုန္ မဟုတ္ေၾကာင္း ေဖာ္ျပထားတာ ျဖစ္တယ္လို႔ ယူဆရပါတယ္။
ဖုန္းရဲ႕ notch ထဲမွာ ကင္မရာႏွစ္ခု ပါဝင္တယ္လို႔ Bloomberg ရဲ႕သတင္းမွာ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ ဒုတိယ sensor ကို ဘာအတြက္ ထည့္သြင္းထားသလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။
ဒါ့အျပင္ အထက္ပါ ေရွ႕ေျပးပံုစံထုတ္ကုန္မွာ 4GB RAM နဲ႔ 128GB built-in storage ပါဝင္တယ္လို႔ ဓာတ္ပံုမွာ ေဖာ္ျပထားပါတယ္။ ပ႐ိုဆက္ဆာက Snapdragon 845 ျဖစ္တယ္လို႔ ယူဆရပါတယ္။
-ေနာင္ေနာင္
Ref: TheVerge
အသစ်ထွက်မယ့် Google Pixel 3 XL ရဲ့ ရှေ့ပြေးဒီဇိုင်းလို့ယူဆရတဲ့ ဓာတ်ပုံနှစ်ပုံဟာ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။
ဒီဓာတ်ပုံတွေဟာ XDA ဖိုရမ်တွေကနေ ပထမဆုံး ထွက်ပေါ်လာခဲ့တာဖြစ်ပြီး Android Police က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ပြင်ပဒီဇိုင်းမှာ notch, chin, stereo speaker တွေနဲ့ ကျောဘက်ကင်မရာတစ်ခုတို့ကို ပြသထားပါတယ်။ ကျောဘက်မှာတော့ Google ရဲ့ သင်္ကေတ G အစား အခြားသင်္ကေတတစ်ခုကို ထည့်သွင်းထားပါတယ်။ အဲ့ဒီ သင်္ကေတဟာ နောက်ဆုံး ရှေ့ပြေးထုတ်ကုန် မဟုတ်ကြောင်း ဖော်ပြထားတာ ဖြစ်တယ်လို့ ယူဆရပါတယ်။
ဖုန်းရဲ့ notch ထဲမှာ ကင်မရာနှစ်ခု ပါဝင်တယ်လို့ Bloomberg ရဲ့သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒုတိယ sensor ကို ဘာအတွက် ထည့်သွင်းထားသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် အထက်ပါ ရှေ့ပြေးပုံစံထုတ်ကုန်မှာ 4GB RAM နဲ့ 128GB built-in storage ပါဝင်တယ်လို့ ဓာတ်ပုံမှာ ဖော်ပြထားပါတယ်။ ပရိုဆက်ဆာက Snapdragon 845 ဖြစ်တယ်လို့ ယူဆရပါတယ်။
-နောင်နောင်
Ref: TheVerge