Notch နဲ႔ Snapdragon 636 ပါဝင္တဲ့ Lenovo Z5

[ Zawgyi ]

Lenovo ဟာ Z5 စမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ေၾကညာခဲ့ပါတယ္။ ဒီစမတ္ဖုန္းရဲ႕ screen ထိပ္ဘက္မွာ notch တစ္ခုပါဝင္ၿပီး Snapdragon 636 chipset ကို အသံုးျပဳထားပါတယ္။ Screen အရြယ္အစားက ၆.၂ လက္မျဖစ္ၿပီး aspect ratio က 19:9 ျဖစ္ပါတယ္။

Processor မွာ Kyro 269 core ရွစ္လံုးပါဝင္ၿပီး အျမန္ႏႈန္းက 1.8GHz ျဖစ္ပါတယ္။ GPU က Adreno 509 ျဖစ္ပါတယ္။ RAM ကို 6GB နဲ႔သာ ရရိွႏိုင္ေပမယ့္ သိုေလွာင္မႈပမာဏကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ရရိွႏိုင္ပါတယ္။

Lenovo ဟာ ေရပန္းစားေနတဲ့ AI ကို ဖုန္းရဲ႕ dual camera စနစ္မွာ ေထာက္ပံ့ေပးထားပါတယ္။ ဒါေၾကာင့္ Z5 ရဲ႕ ေက်ာဘက္က 16MP + 8MP ကင္မရာႏွစ္ခုကို AI လုပ္ေဆာင္ခ်က္ေတြနဲ႔ အသံုးျပဳႏုိင္ပါတယ္။ Selfie ကင္မရာကေတာ့ 8MP sensor ျဖစ္ၿပီး display ရဲ႕ notch ထဲမွာ ထည့္သြင္းထားပါတယ္။ ဒီကင္မရာကိုလည္း AI လုပ္ေဆာင္ခ်က္ေတြနဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။

Lenovo Z5 မွာ 3,300mAh ဘက္ထရီပါဝင္ၿပီး USB-C port ကေနတဆင့္ 18W fast charging ကို ေထာက္ပံ့ေပးထားပါတယ္။ Operating system က Android 8.0 Oreo ကိုအေျခခံထားတဲ့ ZUI 4.0 ျဖစ္ပါတယ္။ ဒါေပမဲ့ Android P ထြက္ရိွတာနဲ႔ တစ္ၿပိဳင္နက္ update ေပးသြားမယ္လို႔ Lenovo ဒုဥကၠ႒ Chang Cheng က ေျပာၾကားခဲ့ပါတယ္။

ဒီစမတ္ဖုန္းကို ဇြန္လ ၁၂ ရက္ကစၿပီး တ႐ုတ္ေစ်းကြက္မွာ ျဖန္႔ခ်ိသြားမယ္လို႔ သိရပါတယ္။ တန္ဖိုးက 6GB/64GB အတြက္ ၂၀၂ ေဒၚလာျဖစ္ၿပီး 6GB/128GB အတြက္ ေဒၚလာ ၂၈၀ က်သင့္မွာျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

Lenovo ဟာ Z5 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီစမတ်ဖုန်းရဲ့ screen ထိပ်ဘက်မှာ notch တစ်ခုပါဝင်ပြီး Snapdragon 636 chipset ကို အသုံးပြုထားပါတယ်။ Screen အရွယ်အစားက ၆.၂ လက်မဖြစ်ပြီး aspect ratio က 19:9 ဖြစ်ပါတယ်။

Processor မှာ Kyro 269 core ရှစ်လုံးပါဝင်ပြီး အမြန်နှုန်းက 1.8GHz ဖြစ်ပါတယ်။ GPU က Adreno 509 ဖြစ်ပါတယ်။ RAM ကို 6GB နဲ့သာ ရရှိနိုင်ပေမယ့် သိုလှောင်မှုပမာဏကိုတော့ 64GB နဲ့ 128GB ဆိုပြီး ရရှိနိုင်ပါတယ်။

Lenovo ဟာ ရေပန်းစားနေတဲ့ AI ကို ဖုန်းရဲ့ dual camera စနစ်မှာ ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် Z5 ရဲ့ ကျောဘက်က 16MP + 8MP ကင်မရာနှစ်ခုကို AI လုပ်ဆောင်ချက်တွေနဲ့ အသုံးပြုနိုင်ပါတယ်။ Selfie ကင်မရာကတော့ 8MP sensor ဖြစ်ပြီး display ရဲ့ notch ထဲမှာ ထည့်သွင်းထားပါတယ်။ ဒီကင်မရာကိုလည်း AI လုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးနိုင်ပါတယ်။

Lenovo Z5 မှာ 3,300mAh ဘက်ထရီပါဝင်ပြီး USB-C port ကနေတဆင့် 18W fast charging ကို ထောက်ပံ့ပေးထားပါတယ်။ Operating system က Android 8.0 Oreo ကိုအခြေခံထားတဲ့ ZUI 4.0 ဖြစ်ပါတယ်။ ဒါပေမဲ့ Android P ထွက်ရှိတာနဲ့ တစ်ပြိုင်နက် update ပေးသွားမယ်လို့ Lenovo ဒုဥက္ကဋ္ဌ Chang Cheng က ပြောကြားခဲ့ပါတယ်။

ဒီစမတ်ဖုန်းကို ဇွန်လ ၁၂ ရက်ကစပြီး တရုတ်စျေးကွက်မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ တန်ဖိုးက 6GB/64GB အတွက် ၂၀၂ ဒေါ်လာဖြစ်ပြီး 6GB/128GB အတွက် ဒေါ်လာ ၂၈၀ ကျသင့်မှာဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena