Notch ဒီဇိုင္းသစ္ပါဝင္တဲ့ OPPO R17 ဓာတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚ

[ Zawgyi ]

OPPO R17 ဆိုတဲ့ နာမည္ကို OPPO က စပြန္ဆာေပးတဲ့ မီဒီယာအခမ္းအနားတစ္ခုမွာ ပထမဆံုး ေတြ႕ရိွခဲ့ရပါတယ္။ အဲ့ဒီေနာက္ ရက္အနည္းငယ္အၾကာမွာ R17 လို႔ယူဆရတဲ့ OPPO ထုတ္ကုန္တစ္မ်ိဳးက TENAA မွာ ထြက္ေပၚလာခဲ့ပါတယ္။ အခုအခါမွာေတာ့ OPPO R17 လို႔ယူဆရတဲ့ ဓာတ္ပံုေတြဟာ Weibo ေပၚကေန ေပါက္ၾကားထြက္ေပၚလာပါတယ္။

ပထမဆံုးပံုက ဖုန္းရဲ႕ အေရွ႕ဘက္ panel ကို ျပသထားတဲ့ပံု ျဖစ္ပါတယ္။ အဲ့ဒီပံုအရ bezel ေတြက ေသးငယ္ၿပီး R15 ဖုန္းေတြနဲ႔ အရြယ္တူတာကို ေတြ႕ရပါတယ္။ ဒါေပမဲ့ အဓိကက်တဲ့ ျခားနားခ်က္က notch ဒီဇိုင္းပါ။ ဒီဖုန္းမွာ iPhone X ပံုစံ notch အစား ခ်ိဳင့္ဝွမ္းအေသးစားတစ္ခုနဲ႔တူတဲ့ notch တစ္ခုကို panel မွာ ထည့္သြင္းထားပါတယ္။

ဒုတိယပံုကေတာ့ ေရွ႕ေျပးပံုစံတစ္ခုျဖစ္တယ္လို႔ ယူဆရပါတယ္။ အဲ့ဒီပံုမွာ ပါဝါဖြင့္ထားတဲ့ display နဲ႔အတူ ဖုန္းရဲ႕ထိပ္ဘက္ပိုင္းကို ျပသထားပါတယ္။ ျမင္ေတြ႕ရတဲ့အတိုင္းပဲ ေနရာအနည္းသာယူေတာ့တဲ့ notch မွာ ကင္မရာကို ထည့္သြင္းထားပါတယ္။

TENAA မွာ ထြက္ေပၚလာတဲ့ ထုတ္ကုန္သစ္ဟာ OPPO R17 သာ ျဖစ္ခဲ့မယ္ဆိုရင္ အဲ့ဒီဖုန္းမွာ ေက်ာဘက္ကင္မရာႏွစ္ခုနဲ႔ ေက်ာဘက္မွန္ ပါဝင္လာမွာျဖစ္ပါတယ္။

စာဖတ္သူေတြကေရာ ဒီ notch ဒီဇိုင္းသစ္ကုိ ဘယ္လုိျမင္ပါသလဲ? လန္းသလား၊ ဂြမ္းသလား?

Ref: GizmoChina

[ Unicode ]

OPPO R17 ဆိုတဲ့ နာမည်ကို OPPO က စပွန်ဆာပေးတဲ့ မီဒီယာအခမ်းအနားတစ်ခုမှာ ပထမဆုံး တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီနောက် ရက်အနည်းငယ်အကြာမှာ R17 လို့ယူဆရတဲ့ OPPO ထုတ်ကုန်တစ်မျိုးက TENAA မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အခုအခါမှာတော့ OPPO R17 လို့ယူဆရတဲ့ ဓာတ်ပုံတွေဟာ Weibo ပေါ်ကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

ပထမဆုံးပုံက ဖုန်းရဲ့ အရှေ့ဘက် panel ကို ပြသထားတဲ့ပုံ ဖြစ်ပါတယ်။ အဲ့ဒီပုံအရ bezel တွေက သေးငယ်ပြီး R15 ဖုန်းတွေနဲ့ အရွယ်တူတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ ခြားနားချက်က notch ဒီဇိုင်းပါ။ ဒီဖုန်းမှာ iPhone X ပုံစံ notch အစား ချိုင့်ဝှမ်းအသေးစားတစ်ခုနဲ့တူတဲ့ notch တစ်ခုကို panel မှာ ထည့်သွင်းထားပါတယ်။

ဒုတိယပုံကတော့ ရှေ့ပြေးပုံစံတစ်ခုဖြစ်တယ်လို့ ယူဆရပါတယ်။ အဲ့ဒီပုံမှာ ပါဝါဖွင့်ထားတဲ့ display နဲ့အတူ ဖုန်းရဲ့ထိပ်ဘက်ပိုင်းကို ပြသထားပါတယ်။ မြင်တွေ့ရတဲ့အတိုင်းပဲ နေရာအနည်းသာယူတော့တဲ့ notch မှာ ကင်မရာကို ထည့်သွင်းထားပါတယ်။

TENAA မှာ ထွက်ပေါ်လာတဲ့ ထုတ်ကုန်သစ်ဟာ OPPO R17 သာ ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီဖုန်းမှာ ကျောဘက်ကင်မရာနှစ်ခုနဲ့ ကျောဘက်မှန် ပါဝင်လာမှာဖြစ်ပါတယ်။

စာဖတ်သူတွေကရော ဒီ notch ဒီဇိုင်းသစ်ကို ဘယ်လိုမြင်ပါသလဲ? လန်းသလား၊ ဂွမ်းသလား?

Ref: GizmoChina