Nook Tablet 7 ရဲ့ power adapter တွေကို Barnes & Noble ပြန်လည်သိမ်းဆည်း

မကြာသေးခင်က ဖြန့်ချိရောင်းချခဲ့တဲ့ နောက်ဆုံးပေါ် Nook tablet ရဲ့ power adapter တွေကို Barnes & Noble က ပြန်လည် သိမ်းဆည်းနေပါတယ်။

အဲ့ဒီ adapter တွေရဲ့ casing ဟာ ကွဲထွက်ပြီး သတ္တုအသွားတစ်ခု ထွက်လာကာ ဓာတ်လိုက်တဲ့ ဘေးအန္တရာယ် ဖြစ်ပွားနိုင်တာကြောင့် အခုလို ပြန်သိမ်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းထုတ်ပြန်ချက်မှာတော့ adapter အရေအတွက် ၁၄၇,၀၀၀ နီးပါး ပြန်သိမ်းမယ်လို့ ဖော်ပြထားပါတယ်။

သုံးစွဲသူတွေအနေနဲ့ adapter ကို အခမဲ့ လဲလှယ်နိုင်ဖို့နဲ့ ၅ ဒေါ်လာတန် Barnes & Noble gift card ရဖို့အတွက် အွန်လိုင်းမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ အစားထိုးလဲလှယ်နေစဉ်အတွင်း USB cable ကို ကွန်ပျူတာမှာ တပ်ဆင်ပြီး အားသွင်းနိုင်တယ်လို့လည်း အကြံပြုထားပါတယ်။

Ref: TheVerge