Nook GrowLight Plus

တန်ဖိုး – ကန်ဒေါ်လာ ၁၉၉.၉၉

အားသာချက်

မျက်နှာပြင်အရွယ်အစား ကြီးမားပြီး ရေစိုခံနိုင်တာကတော့ ဒီ tablet ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။

အားနည်းချက်

ဆောဖ့်ဝဲပိုင်းက အရမ်း ကောင်းမွန်တာမျိုး မရှိသလိုရေ ရှည်သုံးစွဲချင်သူတွေ အနေနဲ့ မရွေးချယ်သင့်တဲ့ tablet တစ်ခုပါ။

အသေးစိတ်ဖော်ပြချက်

Nook GrowLight Plus ဟာ အရှေ့ဘက်မျက်နှာပြင် အလင်းစနစ်မှာ အဝါမှအပြာသို့ ပြောင်းလဲနိုင်တဲ့စနစ်ပါရှိပြီး ကိုယ့်စိတ် ကြိုက်ပုံစံကို ရွေးချယ်သတ်မှတ်ထားကာ အသုံးပြုနိုင် ပါတယ်။ရေ စိုခံနိုင်တဲ့အတွက် ရေစိမ်ရင်းစာဖတ်ချင်သူတွေအတွက်တော့ စိတ်တိုင်းကျစေမှာပါ။ မျက်နှာပြင်အရွယ်အစား ၇.၈ လက်မခန့်ရှိ မှာဖြစ်ပြီး အချက်အလက်တွေ ထည့်သွင်း သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ storage space ကို ထည့်သွင်းပေးထားပါတယ်။

GrowLight Plus ဟာ သာမန် ၆ လက်မခန့်ရှိတဲ့ ebook reader တွေထက်စာလုံးရေကို ပိုပြပေးနိုင်မှာဖြစ်ပြီး အင်တာနက် ချိတ်ဆက်မှုအတွက် WiFi ကိုသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ GrowLight Plus ဟာ ebook တွေကို စိတ်တိုင်းကျဖတ်ရှုနိုင်စေဖို့အတွက် စာမျက်နှာသွင် ပြင်ပြင်ဆင်ခြင်း စာလုံးအရွယ် အစားတွေကို ချိန်ညှိခြင်းအစရှိတာတွေကို လုပ်ဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်။

-သီဟ