Nokia X5 ကို ဇူလိုင္ ၁၁ ရက္တြင္ မိတ္ဆက္မည္

[ Zawgyi ]

ေမလက Nokia X6 ကို မိတ္ဆက္ခဲ့တဲ့ HMD Global ဟာ Nokia X5 ကို ဇူလိုင္ ၁၁ ရက္မွာ မိတ္ဆက္ေၾကညာသြားမယ္လို႔ Weibo ေပၚကေန အတည္ျပဳခဲ့ပါတယ္။

အဆိုပါထုတ္ကုန္မိတ္ဆက္ပြဲ အခမ္းအနားကို ေဘက်င္းၿမိဳ႕မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။ သတင္းေတြအရေတာ့ Nokia X5 မွာ Helio P60 chipset ကိုအသံုးျပဳထားၿပီး 3/4GB RAM နဲ႔ ရရိွႏိုင္မယ္လို႔ သိရပါတယ္။

Screen မွာ notch ပါဝင္လာဖြယ္ရိွၿပီး HD+ resolution, 19:9 ratio တို႔နဲ႔ အသံုးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။ ေက်ာဘက္မွာ 13MP + 5MP ကင္မရာႏွစ္ခုပါဝင္ၿပီး ဘက္ထရီက 3,000mAh ျဖစ္တယ္လို႔ TENAA မွာ ေဖာ္ျပထားပါတယ္။

တန္ဖိုးက ေဒၚလာ ၁၂၀ ကေန ၁၅၀ ၾကား က်သင့္ဖြယ္ရိွတယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

မေလက Nokia X6 ကို မိတ်ဆက်ခဲ့တဲ့ HMD Global ဟာ Nokia X5 ကို ဇူလိုင် ၁၁ ရက်မှာ မိတ်ဆက်ကြေညာသွားမယ်လို့ Weibo ပေါ်ကနေ အတည်ပြုခဲ့ပါတယ်။

အဆိုပါထုတ်ကုန်မိတ်ဆက်ပွဲ အခမ်းအနားကို ဘေကျင်းမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သတင်းတွေအရတော့ Nokia X5 မှာ Helio P60 chipset ကိုအသုံးပြုထားပြီး 3/4GB RAM နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

Screen မှာ notch ပါဝင်လာဖွယ်ရှိပြီး HD+ resolution, 19:9 ratio တို့နဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ 13MP + 5MP ကင်မရာနှစ်ခုပါဝင်ပြီး ဘက်ထရီက 3,000mAh ဖြစ်တယ်လို့ TENAA မှာ ဖော်ပြထားပါတယ်။

တန်ဖိုးက ဒေါ်လာ ၁၂၀ ကနေ ၁၅၀ ကြား ကျသင့်ဖွယ်ရှိတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena