Nokia Power Earbuds ကိုစတင်ရောင်းချ

တရုတ်မှာ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ Nokia Power Earbuds ကို တစ်ကမ္ဘာလုံးဆီ စတင် တင်ပို့ရောင်းချနေပါပြီ။

Power Earbuds ကို အနက်နဲ့ မီးခိုး အရောင် ၂ မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး နားကြပ်မှာ ၆ မီလီမီတာ graphene driver ယူနစ် အသုံးပြုထားတာကြောင့် အသံအရည်အသွေး မြင့်ပါတယ်။ Google Assistant နဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။

Nokia Power Earbuds မှာ Bluetooth 5.0 ပါဝင်ပြီး ပေ ၈၀၀ အကွာကနေ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် IP7 ထောက်ခံချက် ရရှိထားကာ ရေအောက်မှာ နာရီဝက်အထိ အထားခံပါတယ်။

Nokia Power Earbuds ကို ၅ နာရီပဲ အသုံးပြုနိုင်ပါတယ်။ နားကြပ်တစ်ဖက်စီမှာ ဘက်ထရီသက်တမ်း 50mAh ပါဝင်လာပါတယ်။

-စိုးထက်
Ref: GadgetMatch

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««