Nokia Android စမတ်ဖုန်းအားလုံးအတွက် Oreo update ဖြန့်ချိပေးမည်ဟု HMD အတည်ပြု

၂၀၁၆ ဟန်းဆက် အများစုအတွက် Oreo update ဖြန့်ချိမယ်လို့ Sony က ပြောကြားခဲ့ပြီးနောက် HMD ကလည်း Oreo update ဖြန့်ချိမယ့်အစီအစဉ်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့ Nokia Android စမတ်ဖုန်းတွေဖြစ်တဲ့ Nokia 3, Nokia 5, Nokia 6 နဲ့ Nokia 8 အတွက် Android 8.0 update ဖြန့်ချိပေးသွားမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီအတည်ပြုချက်ကို HMD ရဲ့ ထိပ်တန်းအမှုဆောင်တစ်ဦးက Twitter ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ Oreo update ဖြန့်ချိမယ့် အချိန်ကာလကိုတော့ HMD အမှုဆောင်က ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ မကြာသေးခင်က HMD အပါအဝင် ကုမ္ပဏီအချို့က ထုတ်ကုန်တွေအနေနဲ့ နှစ်ကုန်ပိုင်းမှာ Android Oreo ကို အဆင့်မြှင့်တင်နိုင်မယ်လို့ Google က ပြောကြားထားပါတယ်။

-နောင်နောင်
Ref: GSMArena