Nokia 8.3 5 ကို HMD ထုတ်ဖော်မိတ်ဆက်

HMD ဟာ Nokia 8.3 5G ဖုန်းကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ Nokia 8.3 5G မှာ ZEISS က ဖန်တီးပေးထားတဲ့ ကင်မရာ ၄ လုံးနဲ့ 5G ထောက်ပံ့မှုတို့ ပါဝင်လာပါတယ်။

Nokia 8.3 5G ဟာ ခေတ်ရှေ့ပြေးနည်းပညာတွေ ပါဝင်တဲ့ ထုတ်ကုန်လို့ HDM ကပြောထားပါတယ်။ Nokia 8.3 မှာပါဝင်တဲ့ 5G လှိုင်းတွေ ပိုမိုများပြားပြီး ကမ္ဘာတစ်ဝန်းက ထွက်ရှိပြီးသားနဲ့ အသစ်ထွက်ရှိမယ့် 5G ကွန်ရက်မှာ အသုံးပြုနိုင်ပါတယ်။

Nokia 8.3 5G မျက်နှာပြင်က ၆.၈၁ လက်မဖြစ်ပြီး FullHD+ ရုပ်ထွက်အရည်အသွေး ပါဝင်လာပါတယ်။ ဖုန်းမှာပါဝင်တဲ့ HDR panel ကတော့ Adaptive display ဖြစ်ကာ contrast ကိုချိန်ညှိပေးနိုင်ပါတယ်။ ရှေ့ဘက်မှာ punch hole ဒီဇိုင်းနဲ့ ZEISS optics နဲ့အတူ 24MP ကင်မရာ ပါဝင်လာပါတယ်။

ZEISS ကျောဘက်ကင်မရာမှာ 64MP အဓိက ကင်မရာနဲ့ 12MP ultrawide တို့ပါဝင်ပြီး ဗီဒီယိုရိုက်ကူးမှုနဲ့ low-light စွမ်းဆောင်ရည်ကို မြှင့်တင်ထားပါတယ်။ ကျောဘက်ကင်မရာမှာ pixel တွေ 2.8µm ရရှိဖို့ binned mode ကိုအသုံးချထားပြီး ဗီဒီယိုရိုက်ကူးမှုကို ထိန်းချုပ်နိုင်ဖို့ ZEISS cinematic effect ပါဝင်လာပါတယ်။ ဒါ့အပြင် camcorder မှာ OZO အသံပိုင်းဆိုင်ရာနဲ့ action cam mode လည်း ပါဝင်လာပါသေးတယ်။ အခြားကင်မရာတွေကတော့ depth sensor နဲ့ macro ကင်မရာတွေပဲဖြစ်ပါတယ်။

Nokia 8.3 5G မှာ Snapdragon 765GB chipset နဲ့အတူ RAM 6GB ဒါမှမဟုတ် 8GB နဲ့ 5G ထောက်ပံ့ပေးပါတယ်။ ဖုန်းမှာ Android 10 အသုံးပြုထားပြီး Android One အစီအစဉ်ထဲ ပါဝင်တာကြောင့် update တွေပုံမှန်ရရှိနေမှာပါ။ Storage ကတော့ 64GB ဒါမှမဟုတ် 128GB နှစ်သက်ရာ ရွေးချယ်နိုင်ပြီး microSD slot လည်းပါဝင်တယ်။ ဖုန်းမှာ ဘက်ထရီ 4,500mAh ဖြစ်ပြီး 18W အထိ အားသွင်းပေးပါတယ်။

Nokia 8.3 5G ကို Polar night တစ်ရောင်တည်း ထုတ်လုပ်ထားပါတယ်။ Polar night အရောင်က လတ္တီတွဒ်မြင့်မားတဲ့ နေရာတွေမှာ ကောင်းကင်မှာ ဖြစ်ပေါ်တတ်တဲ့ notern lights ပုံစံမျိုး စိတ်ကူးဉာဏ်ကွန့်မြူးထားတဲ့ အရောင်ဖြစ်ပါတယ်။ Nokia 8.3 5G ကို နွေရာသီမှာ ယူရို ၅၉၉နဲ့ ရောင်းချပါမယ်။

စိုးထက်
Ref: GSMArena