Nokia 5.3 နဲ့ Nokia 1.3 တို့ကို HMD ထုတ်ဖော်ပြသခဲ့

HMD ဟာ Nokia 8.3 5G နဲ့အတူ Nokia 5.3 နဲ့ Nokia 1.3 တို့ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ Nokia 5.3 ကတော့ အလယ်အလတ်တန်းစားဖုန်း ဖြစ်ပြီး Android 10 ကို အပြည့်အဝ ထောက်ပံ့ထားပါတယ်။ Nokia 1.3 ကတော့ ဘတ်ဂျက်ဖုန်းဖြစ်တဲ့အတွက် Android Go Edition ကိုအသုံးပြုထားပါတယ်။

Nokia 5.3

Nokia 5.3 မှာတော့ မျက်နှာပြင် ၆.၅၅ လက်မ HD+ IPS display ပါဝင်ပြီး Snapdragon 665 chipset အသုံးပြုထားပါတယ်။ ဖုန်းအတွက် RAM 3GB, 4GB, 6GB မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပြီး storage ကတော့ 64GB ဖြစ်ကာ microSD ကတ်ပေါက်ကတစ်ဆင့် တိုးချဲ့နိုင်ပါတယ်။ ကျောဘက်မှာ sensor ၄ ခုနဲ့ ကင်မရာအဝိုင်းတစ်ခု ပါဝင်လာပါတယ်။ အဓိက ကင်မရာကတော့ 13MP , f/1.8 aperture နဲ့ 5MP ultrawide တို့ပဲဖြစ်ပါတယ်။

အခြား ကင်မရာတွေကတော့ 2MP sensor တွေဖြစ်ပြီး macro နဲ့ depth sensor တို့ပဲဖြစ်ပါတယ်။ ရှေ့ကင်မရာကိုတော့ notch ထဲမှာထည့်သွင်းထားပြီး 8MP f/2.0 ပဲဖြစ်ပါတယ်။
Nokia 5.3 မှာဘက်ထရီ 4,000mAh ပါဝင်ပြီး 10W နဲ့အားသွင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းကို ၂ ရက်အထိ အသုံးပြုနိုင်တယ်လို့ HMD ကပြောထားပါတယ်။

Nokia 5.3 ကို ယူရို ၁၈၉ နဲ့ အစိမ်း၊ သဲနဲ့ အနက်ရောင်တွေ ဧပြီမှာ ထုတ်လုပ်ဖြန့်ချိရောင်းချပါမယ်။

Nokia 1.3

Nokia 1.3 မှာ မျက်နှာပြင် ၅.၇၁ လက်မ IPS HD+ မျက်နှာပြင် ပါဝင်ပါတယ်။ Qualcomm 215 chipet နဲ့အတူ quad-core CPU ကို RAM 1GB နဲ့တွဲဖက်ထားပါတယ်။ ဖုန်းမှာ storage 16GB နဲ့ 400GB အထိတိုးချဲ့နိုင်တဲ့ microSD ကတ်တွေပါဝင်လာပါတယ်။

ကျောဘက်မှာ Google AI လုပ်ဆောင်ချက် အသုံးပြုထားတဲ့ Camera Go app ကြောင့် low-light နဲ့ portrait စွမ်းဆောင်ရည်တွေက 8MP ဖြစ်ပေမယ့် အလွန်ကောင်းမွန်ပါတယ်။ ရှေ့ကင်မရာကတော့ 5MP sensor ဖြစ်ပါတယ်။

ဘက်ထရီကတော့ 3,000mAh ဖြစ်ကာ micro USB ကတစ်ဆင့် 5W ထောက်ပံ့ထားပါတယ်။ ဖုန်းမှာ Android 10 Go Edition ပါဝင်ပြီး Android 11 Go Edition ကိုလည်းထောက်ပံ့မယ်လို့ HMD ကပြောခဲ့ပါတယ်။
Nokia 1.3 ကို ယူရို ၉၅ နဲ့ ဧပြီလမှာ ရောင်းချမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena