Nokia 2 ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်လာ

HMD Global အနေနဲ့ Android အသုံးပြုထားတဲ့ မျိုးဆက်သစ် Nokia စမတ်ဖုန်းသစ်ကို မိတ်ဆက်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ အခုဆိုရင် ခိုင်လုံတဲ့ သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ Evan Blass ခေါ် @evleaks က Nokia 2 စမတ်ဖုန်းရဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ Nokia 2 မှာ ဘက်ထရီ 4,000 mAh ပါဝင်လာမယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

Nokia 2 မှာပါဝင်တဲ့ software တွေကို ဓာတ်ပုံထဲမှာ ဖော်ပြပေးထားပါတယ်။ ဈေးနှုန်းသက်သာတဲ့ Nokia 2 မှာ fingerprint scanner မပါဝင်တာကိုလည်း တွေ့ရပါတယ်။

ကောလာဟလနဲ့ ပေါက်ကြားမှုတွေအရ Nokia 2 မှာ ၄.၇ လက်မကနေ ၅ လက်မ 720p touchscreen ပါဝင်လာဖို့ရှိပါတယ်။ Snapdragon 212 (ဒါမှမဟုတ် 210) chipset အသုံးပြုထားဖွယ်ရှိပြီး RAM 1GB, storage 8GB နဲ့ကျောဘက် ကင်မရာ 8 MP အပြင် ရှေ့ကင်မရာ 5MP တို့ ပါဝင်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena