Nokia 1 Plus, 3.2, 4.2 နဲ႔ Nokia 210 တို႔ကုိ HMD ထုတ္ေဖာ္ျပသ

[ Zawgyi ]

HMD ဟာ ဘာစီလိုနာၿမိဳ႕မွာ ျပဳလုပ္တဲ့ MWC 2019 ပြဲမွာ တန္ဖိုးနည္း Nokia စမတ္ဖုန္းေတြျဖစ္တဲ့ Nokia 1 Plus, Nokia 3.2 နဲ႔ Nokia 4.2 တို႔ကို မိတ္ဆက္ခဲ့ပါတယ္။ Nokia 210 ကေတာ့ ခလုတ္ဖုန္း ျဖစ္ပါတယ္။

Nokia 4.2

Nokia 4.2 ဟာဖန္ထည္စမတ္ဖုန္းကုိ ပလတ္စတစ္ေအာက္ခံထည္အသုံးျပဳထားပါတယ္။ 4.2 ေမာ္ဒယ္မွာ ေရစက္ပုံစံ notch TFT display 720p နဲ႔ျဖစ္ၿပီး မ်က္ႏွာျပင္အရြယ္အစားက ၅.၇၁ လက္မရွိပါတယ္။

Nokia 4.2 ေက်ာဘက္မွာ ကင္မရာ၂လုံးအသုံးျပဳထားၿပီး 13MP f/2.2 နဲ႔ 2MP depth sensor, phase-detect autofocus နဲ႔ LED flash တို႔အသုံးျပဳထားပါတယ္။ အဓိကကင္မရာမွာ night mode ပါဝင္တဲ့အတြက္ အလင္းအား နည္းခ်ိန္မွာ ဓာတ္ပုံေကာင္းေတြ ႐ိုက္ကူးႏိုင္ပါတယ္။

Nokia 4.2 မွာ 4G ေထာက္ပံ့မႈပါဝင္ၿပီး Android One အစီအစဥ္ရဲ႕ Android Pie ကုိအသုံးျပဳထားပါတယ္။ Nokia 4.2 မွာဧၿပီလအတြင္း အနက္နဲ႔ ပန္းေရာင္ဆုိၿပီး ထုတ္လုပ္မွာ ျဖစ္ၿပီး 16GB ေမာ္ဒယ္ကုိ ၁၆၉ေဒၚလာနဲ႔ 32GB ကို ၁၉၉ေဒၚလာနဲ႔ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Nokia 3.2

Nokia 3.2 ကေတာ့ေဘးေဘာင္ေသးငယ္ၿပီး ဘက္ထရီပုိႀကီးမားသလုိ chipset အသစ္နဲ႔ Anroid OS အသစ္တို႔ပါဝင္လာပါတယ္။

Nokia 3.2 မွာ ၆.၂၆ လက္မ TFT မ်က္ႏွာျပင္ ႐ုပ္ထြက္အရည္အေသြး 720x 1,520 pixel အျပင္ေရွ႕ကင္မရာက ေရစက္ပုံစံ notch ထဲထည့္သြင္းထားပါတယ္။

Nokia 3.2 မွာ Snapdragon 429 chipset (4xA53 CPU, Adreno 504 GPU) နဲ႔ RAM 2GB ဒါမွမဟုတ္ 3GB အျပင္ storage 16GB ဒါမွမဟုတ္ 32GB ႏွစ္သက္ရာေမာ္ဒယ္ကို ေရြးခ်ယ္ႏိုင္ပါတယ္။ Nokia 3GB/32GB ေမာ္ဒယ္မွာပဲ ေက်ာဘက္မွာထည့္သြင္းထားတဲ့ fingerprint sensor ပါဝင္လာပါတယ္။

Nokia 3.2 ရဲ႕အဓိကကင္မရာကေတာ့ 32MP ျဖစ္ၿပီး autofocus နဲ႔ LED flash တို႔ပါဝင္ေပမယ့္ night mode ေတာ့မပါဝင္လာပါဘူး။ ေရွ႕ကင္မရာက 5MP ျဖစ္ၿပီး Face Unlock ေထာက္ပံ့မႈပါဝင္လာပါတယ္။

Nokia 3.2 မွာဘက္ထရီ 4,000mAh ပါဝင္လာသလုိ 4G ေထာက္ပ့ံမႈပါဝင္ကာ Google Assistant ခလုတ္လည္း ပါဝင္လာပါတယ္။

Nokia 3.2 ကုိ ဧၿပီလအတြင္းမွာ အနက္နဲ႔ စတီးအေရာင္ဆိုၿပီး ျဖန္႔ခ်ိသြားမွာ ျဖစ္ပါတယ္။ Nokia 3.2 ရဲ႕ 16GB ေမာ္ဒယ္ကုိေတာ့ ၁၃၉ ေဒၚလာနဲ႔ေရာင္းခ်မွာပါ။ Nokia 3.2 ရဲ႕ fingerprint scanner ပါဝင္တဲ့ 32GB ေမာ္ဒယ္ကုိေတာ့ ၁၆၉ ေဒၚလာနဲ႔ ေရာင္းခ်မွာပါ။

Nokia 1 Plus

Nokia 1 Plus ဟာၿပီးခဲ့တဲ့ႏွစ္ကထြက္ရွိတဲ့ Nokia 1 ထက္ပိုမိုႀကီးမားပါတယ္။ အဲဒီဖုန္းမွာ Android Go ဗားရွင္းကို အသုံးျပဳထားၿပီး ရွည္လ်ားတဲ့ ၅.၄၅လက္မ screen နဲ႔ ဘက္ထရီ 2,500mAh ပါဝင္လာပါတယ္။

Nokia 1 Plus မွာ ၅.၄၅ လက္မ IPS LCD display နဲ႔႐ုပ္ထြက္အရည္အေသြး 480x 960pixels (aspect ratio 18:9) ျဖစ္ပါတယ္။ Nokia 1 Plus မွာပါဝင္တဲ့ chipset ကေတာ့ MT6739 ကုိ quad-core Cortex-A53 ပ႐ိုဆက္ဆာျဖစ္ၿပီး PowerVR GE8100 GPU ျဖစ္ပါတယ္။ RAM 1GB နဲ႔ တိုးခ်ဲ႕ႏိုင္တဲ့ storage 8GB တို႔ပဲျဖစ္ပါတယ္။

Nokia 1 Plus ေက်ာဘက္ကင္မရာက 8MP autofocus နဲ႔ LED flash နဲ႔ေရွ႕ကင္မရာကေတာ့ Beauty mode နဲ႔ 5MP ျဖစ္ပါတယ္။

Nokia 1 Plus ကိုအနက္၊ အျပာနဲ႔ အနီဆိုၿပီး ထုတ္လုပ္ထားၿပီး ၈၉ေဒၚလာနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ကန္႔သတ္ 16GB ေမာ္ဒယ္ကိုေတာ့ လက္တင္အေမရိကမွာ ၉၉ေဒၚလာနဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ Nokia 1 Plus ေက်ာဘက္ကာဗာေတြက လဲလွယ္ႏိုင္ၿပီး ဘက္ထရီကလည္း ျဖဳတ္တပ္ႏိုင္ပါတယ္။

Nokia 210

HMD ဟာ Nokia ခလုတ္ဖုန္းေတြ ဆက္လက္ထုတ္လုပ္ေနေသးပါတယ္။ အခုမိတ္ဆက္လုိက္တဲ့ Nokia 210 မွာ ၂.၄လက္မ QVGA မ်က္ႏွာျပင္ ပုံမွန္ခလုတ္ဒီဇိုင္းနဲ႔ ေက်ာဘက္မွာ LED flash နဲ႔ VGA ကင္မရာပါဝင္လာပါတယ္။ ဖုန္းမွာ S30 software အသုံးျပဳထားၿပီး Opera Mini Browser, Facebook နဲ႔ Classic Snake ဂိမ္းေတြကစားႏိုင္ပါတယ္။ App ေတြကုိ download ျပဳလုပ္ႏိုင္ဖို႔ မိုဘိုင္းစတိုးတစ္ခု ပါပါတယ္။ ဒါေပမဲ့ ဖုန္းမွာပါဝင္တဲ့ storage ကနည္းပါးတဲ့တဲ့ အကန္႔အသက္ရွိပါတယ္။

Nokia 210 ကိုတစ္လအတြင္ ေရာင္းခ်သြားမွာျဖစ္ၿပီး ေဈးႏႈန္းကေတာ့ ၃၅ေဒၚလာျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

HMD ဟာ ဘာစီလိုနာမြို့မှာ ပြုလုပ်တဲ့ MWC 2019 ပွဲမှာ တန်ဖိုးနည်း Nokia စမတ်ဖုန်းတွေဖြစ်တဲ့ Nokia 1 Plus, Nokia 3.2 နဲ့ Nokia 4.2 တို့ကို မိတ်ဆက်ခဲ့ပါတယ်။ Nokia 210 ကတော့ ခလုတ်ဖုန်း ဖြစ်ပါတယ်။

Nokia 4.2

Nokia 4.2 ဟာဖန်ထည်စမတ်ဖုန်းကို ပလတ်စတစ်အောက်ခံထည်အသုံးပြုထားပါတယ်။ 4.2 မော်ဒယ်မှာ ရေစက်ပုံစံ notch TFT display 720p နဲ့ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားက ၅.၇၁ လက်မရှိပါတယ်။

Nokia 4.2 ကျောဘက်မှာ ကင်မရာ၂လုံးအသုံးပြုထားပြီး 13MP f/2.2 နဲ့ 2MP depth sensor, phase-detect autofocus နဲ့ LED flash တို့အသုံးပြုထားပါတယ်။ အဓိကကင်မရာမှာ night mode ပါဝင်တဲ့အတွက် အလင်းအား နည်းချိန်မှာ ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါတယ်။ ……..Nokia 4.2 မှာ 4G ထောက်ပံ့မှုပါဝင်ပြီး Android One အစီအစဉ်ရဲ့ Android Pie ကိုအသုံးပြုထားပါတယ်။ Nokia 4.2 မှာဧပြီလအတွင်း အနက်နဲ့ ပန်းရောင်ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပြီး 16GB မော်ဒယ်ကို ၁၆၉ဒေါ်လာနဲ့ 32GB ကို ၁၉၉ဒေါ်လာနဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။

Nokia 3.2

Nokia 3.2 ကတော့ဘေးဘောင်သေးငယ်ပြီး ဘက်ထရီပိုကြီးမားသလို chipset အသစ်နဲ့ Anroid OS အသစ်တို့ပါဝင်လာပါတယ်။

Nokia 3.2 မှာ ၆.၂၆လက်မ TFT မျက်နှာပြင် ရုပ်ထွက်အရည်အသွေး 720x 1,520 pixel အပြင်ရှေ့ကင်မရာက ရေစက်ပုံစံ notch ထဲထည့်သွင်းထားပါတယ်။

Nokia 3.2 မှာ Snapdragon 429 chipset (4xA53 CPU, Adreno 504 GPU) နဲ့ RAM 2GB ဒါမှမဟုတ် 3GB အပြင် storage 16GB ဒါမှမဟုတ် 32GB နှစ်သက်ရာမော်ဒယ်ကို ရွေးချယ်နိုင်ပါတယ်။ Nokia 3GB/32GB မော်ဒယ်မှာပဲ ကျောဘက်မှာထည့်သွင်းထားတဲ့ fingerprint sensor ပါဝင်လာပါတယ်။

Nokia 3.2 ရဲ့အဓိကကင်မရာကတော့ 32MP ဖြစ်ပြီး autofocus နဲ့ LED flash တို့ပါဝင်ပေမယ့် night mode တော့မပါဝင်လာပါဘူး။ ရှေ့ကင်မရာက 5MP ဖြစ်ပြီး Face Unlock ထောက်ပံ့မှုပါဝင်လာပါတယ်။

Nokia 3.2 မှာဘက်ထရီ 4,000mAh ပါဝင်လာသလို 4G ထောက်ပ့ံမှုပါဝင်ကာ Google Assistant ခလုတ်လည်း ပါဝင်လာပါတယ်။

Nokia 3.2 ကိုဧပြီလအတွင်းမှာ အနက်နဲ့ စတီးအရောင်ဆိုပြီး ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Nokia 3.2 ရဲ့ 16GB မော်ဒယ်ကိုတော့ ၁၃၉ ဒေါ်လာနဲ့ရောင်းချမှာပါ။ Nokia 3.2 ရဲ့ fingerprint scanner ပါဝင်တဲ့ 32GB မော်ဒယ်ကိုတော့ ၁၆၉ဒေါ်လာနဲ့ ရောင်းချမှာပါ။

Nokia 1 Plus

Nokia 1 Plus ဟာပြီးခဲ့တဲ့နှစ်ကထွက်ရှိတဲ့ Nokia 1 ထက်ပိုမိုကြီးမားပါတယ်။ အဲဒီဖုန်းမှာ Android Go ဗားရှင်းကို အသုံးပြုထားပြီး ရှည်လျားတဲ့ ၅.၄၅လက်မ screen နဲ့ ဘက်ထရီ 2,500mAh ပါဝင်လာပါတယ်။

Nokia 1 Plus မှာ ၅.၄၅လက်မ IPS LCD display နဲ့ရုပ်ထွက်အရည်အသွေး 480x 960pixels (aspect ratio 18:9) ဖြစ်ပါတယ်။ Nokia 1 Plus မှာပါဝင်တဲ့ chipset ကတော့ MT6739 ကို quad-core Cortex-A53 ပရိုဆက်ဆာဖြစ်ပြီး PowerVR GE8100 GPU ဖြစ်ပါတယ်။ RAM 1GB နဲ့ တိုးချဲ့နိုင်တဲ့ storage 8GB တို့ပဲဖြစ်ပါတယ်။

Nokia 1 Plus ကျောဘက်ကင်မရာက 8MP autofocus နဲ့ LED flash နဲ့ရှေ့ကင်မရာကတော့ Beauty mode နဲ့ 5MP ဖြစ်ပါတယ်။

Nokia 1 Plus ကိုအနက်၊ အပြာနဲ့ အနီဆိုပြီး ထုတ်လုပ်ထားပြီး ၈၉ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ကန့်သတ် 16GB မော်ဒယ်ကိုတော့ လက်တင်အမေရိကမှာ ၉၉ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ Nokia 1 Plus ကျောဘက်ကာဗာတွေက လဲလှယ်နိုင်ပြီး ဘက်ထရီကလည်း ဖြုတ်တပ်နိုင်ပါတယ်။

Nokia 210

HMD ဟာ Nokia ခလုတ်ဖုန်းတွေ ဆက်လက်ထုတ်လုပ်နေသေးပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ Nokia 210 မှာ ၂.၄လက်မ QVGA မျက်နှာပြင် ပုံမှန်ခလုတ်ဒီဇိုင်းနဲ့ ကျောဘက်မှာ LED flash နဲ့ VGA ကင်မရာပါဝင်လာပါတယ်။ ဖုန်းမှာ S30 software အသုံးပြုထားပြီး Opera Mini Browser, Facebook နဲ့ Classic Snake ဂိမ်းတွေကစားနိုင်ပါတယ်။ App တွေကို download ပြုလုပ်နိုင်ဖို့ မိုဘိုင်းစတိုးတစ်ခုပါပါတယ်။ ဒါပေမဲ့ ဖုန်းမှာပါဝင်တဲ့ storage ကနည်းပါးတဲ့တဲ့ အကန့်အသက်ရှိပါတယ်။

Nokia 210 ကိုတစ်လအတွင် ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ ၃၅ဒေါ်လာဖြစ်ပါတယ်။

Ref: GSMArena