Nokia ဖုန်းသစ်တွေကို မတ် ၁၉ ရက်မှာ HMD မိတ်ဆက်မည်

MWC ပွဲဖျက်သိမ်းပြီးနောက် စမတ်ဖုန်းကုမ္ပဏီတွေက ထုတ်ကုန်သစ်အစီအစဉ်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် မိတ်ဆက်နေကြပါတယ်။ HMD Global ကလည်း Nokia ဖုန်းသစ်တွေကို မိတ်ဆက်ဖို့ရှိပါတယ်။ အခုဆိုရင် HMD Global ဒုဥက္ကဋ္ဌဖြစ်သူ Juho Sarvikas ကလန်ဒန်မှာ ပွဲပြုလုပ်ပြီး Nokia ဖုန်းတွေကို မတ် ၁၉ ရက်မှာ မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်။

Juho Sarvikas က twitter ကနေ Nokia ထုတ်ကုန်သစ်ကို ဂျိမ်းစ်ဘွန်းရုပ်ရှင်အဖွင့်ပုံစံနဲ့ ဗီဒီယိုအတိုကို ထုတ်ဖော်ခဲ့ပါတယ်။ Nokia ဖုန်းသစ်အတွက် 007 edition ထုတ်လုပ်နိုင်သလို ဖုန်းအတွက် ဂျိမ်းစ်ဘွန်းဒီဇိုင်း ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်နိုင်တဲ့ ကောလာဟလတွေ ထွက်ရှိနေပါတယ်။

Nokia ရဲ့ပထမဆုံး 5G ဖုန်းဖြစ်တဲ့ Nokia 8.2 5G မှာ Snapdragon 765G chipset ပါဝင်လာပါတယ်။ ဒါ့အပြင် အလယ်အလတ်တန်းစားဖုန်း Nokia 5 နဲ့ ဈေးနှုန်းသက်သာတဲ့ Nokia 1.3 ကိုလည်း မိတ်ဆက်နိုင်ပါတယ်။

စိုးထက်
Ref: GSMArena