NLA FAA နှင့် STARFISH Education တို့ JOA လက်မှတ်ရေးထိုး

[ Zawgyi ]




-ဝေဝေ

[ Unicode ]

NLA FAA နဲ့ STARFISH Education တို့ရဲ့လုပ်ငန်းအတူတကွ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းကို မေလ ၉ ရက် က Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Nay lin Aung Finance and Accountancy Academy မှာ မကြာမီ ဖွင့်လှစ်သင်ကြားမယ့် သုံးနှစ်အတွင်း အင်္ဂလန်နိုင်ငံ Oxford Brooks University မှ B.Sc (Hons) ဘွဲ့အပါအဝင် Global Professional Accounting Body တစ်ခုဖြစ်တဲ့ ACCA ၏ Member နှင့် Myanmar CPA ၃ ခု တစ်ပြိုင်တည်းရရှိမယ့် Professional Academic Hybrid Qualification Partway Program ကိုလည်း စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီပရိုဂရမ်မှာ စာရင်းနှင့် ဘဏ္ဍရေးစီမံခန့်ခွဲမှုပညာသာမက အင်္ဂလိပ်စာအိုင်တီနှင့် Job Training Course များပါ၀င်မှာဖြစ်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုအတွက် ဘာသာရပ်မျာ းပို့ချသင်ကြားပေးရန် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။