NK Professional N-M180 LED light

DSLR , Camcorder တွေနဲ့ ဗီဒီယို ရိုက်ကူးရာမှာ အသုံးပြုနိုင်တဲ့ NK Professional N-M180 LED light ဖြစ်ပါတယ်။ စမတ်ဖုန်း အရွယ်အစားသာ ရှိပြီး အထူအနေနဲ့ 1.3cm သာရှိပါတယ်။ အလေးချိန် 180G ရှိတဲ့အတွက် သယ်ဆောင်ရ ပေါ့ပါးပါတယ်။ မီးလုံးရေ ၁၈၀ နဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး မီးအရောင်ကို အဖြူ/အဝါ နှစ်မျိုးပြောင်းကစားနိုင်သလို K တန်ဘိုး 3100 ကနေ 5500 အတွင်း ထိန်းညှိနိုင်မှာပါ။လင်းအားအနေနဲ့ 12W ရှိပြီး အလင်းပြင်းအား 1200LM အထိ ရရှိနိုင်မှာပါ။ LED မီးပြားရဲ့ နောက်ကျောမှာ display ပါဝင်တဲ့ အတွက် ဘက်ထရီလက်ကျန် အခြေအနေ၊ ပါဝါအားအညွှန်း၊ အလင်းပြင်းအားပြသမှု၊ မီးအရောင်ပြောင်း အခြေအနေတို့ကို အသေးစိတ်သိရှိရမှာဖြစ်ပါတယ်။4000mAh Battery ထောက်ပံ့ပေးထားပါတယ်။ အားအပြည့် သွင်းထားရင် တစ်နာရီခွဲ ဝန်းကျင် ဆက်တိုက်အသုံးပြုနိုင်မှာပါ။1/4” screw ခေါင်းကိုအသုံးပြုထားလို့ DSLR, Camcorders နဲ့ tripod စတဲ့ပစ္စည်းတွေပေါ်မှာလည်း လွယ်ကူစွာ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ မီးလုံးသက်တမ်းက ပျမ်းမျှနာရီပေါင်း ငါးသောင်းဝန်းကျင် ဖြစ်ပါတယ်။ 120 degree အစောင်းအပြုလုပ်လို့ရတဲ့ အတွက် မီးကို လိုအပ်တဲ့ ရှုထောင့်အနေအထား ပေးလို့ရပါတယ်။

တန်ဖိုးက ၄၂,၀၀၀ ဖြစ်ပြီး ROYAL DIGITAL CAMERA ဖုန်း – ၀၉ ၅၁၁၃၅၉ ၀ ကို စုံစမ်းဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ