NITORI International Scholarship Foundation ကို ဇွန် ၁၀ ရက်အထိ လျှောက်ထားနိုင်

NITORI International Scholarship Foundation ကို ဇွန် ၁၀ ရက်အထိ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

ဒီပညာသင်ဆုဟာ ဂျပန်ပြည်မှာ ပညာသင်ယူဆဲ ကျောင်းသားများ သာမကဘဲ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ဂျပန်ပညာသင်သွားရောက်မယ့် သူတွေလျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုကို ဂျပန်နိုင်ငံသားမဟုတ်သူ၊ ၂၀၂၀ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းမှာ ဂျပန်နိုင်ငံတွင် ပညာသင်ယူရန်ရည်ရွယ်ထားသူ၊ ၂၀၂၀ ခုနှစ်အောက်တိုဘာလ နောက်ပိုင်းတွင်၊ ဂျပန်ပြည်တွင်းရှိ တက္ကသိုလ်မှ ပထမနှစ် မှ စတုတ္ထနှစ်အတွင်း ကျောင်းသားများ၊ သို့မဟုတ် ဂျပန်ပြည်တွင်းရှိ ဘွဲ့လွန်အတန်း ပထမနှစ် မှ ဒုတိယနှစ်အတွင်း တက်ရောက်သူ/တက်ရောက်ရန်ပြင်ဆင်ထားသူတွေ၊ Pre-Doctoral Course အတန်းတက်ရောက်ရန်ရည်ရွယ်ထားသူတွေလျှောက်ထားနိုင်ပါတယ်။ဂျပန်ဘာသာစကားကို နားလည်တတ်ကျွမ်းသူဖြစ်ရမှာဖြစ်ပြီး လူဦးရေ ၁၀၀ ခန့် ပေးအပ်မှာဖြစ်အါတယ်။

ပညာသင်ဆုမှာ တစ်လ 80,000 JPY (1year) ပညာသင်ဆုရရှိတဲ့ ကာလကုန်ဆုံးပြီးနောက်တွင် ပြန်လည်လျှောက်ထားခွင့်လည်းရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်ကို https://www.nitori-shougakuzaidan.com/scholarship_g/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

-သန္တာ