Nintendo Switch အွန်လိုင်းဂိမ်းတွေမှာ Donkey Kong Country ပါဝင်လာ

Nintendo ဟာ Switch အွန်လိုင်းလစဉ်ကြေး ဂိမ်းဝန်ဆောင်မှုမှာ ကျော်ကြားခဲ့တဲ့ ဂိမ်းတွေကို ပြန်လည် အသက်သွင်းနေပြီး အခုဆိုရင် နာမည်ကျော် Donkey Kong Country ကိုထည့်သွင်းလိုက်ပါတယ်။

Rare ကထုတ်လုပ်တဲ့ ၁၉၉၄ ခုနှစ်ထွက် Donkey Kong Country ဟာ နာမည်ကျော်ဂိမ်း ဖြစ်လာပါတယ်။ ဝန်ဆောင်မှုတွေထဲမှာ ထည့်သွင်းထားတဲ့ အခြားဂိမ်းတွေက ၁၉၉၄ ခုနှစ်ထွက် Natsume Championship Wrestling ဆိုတဲ့ SNES နပန်းဂိမ်း၊ ၁၉၉၀ ခုနှစ်က Apple IIGS ကဖန်တီးပြီး EA က ထုတ်လုပ်တဲ့ NES RPG ဂိမ်း The Immortal လည်းပါဝင်ပါတယ်။

ဂိမ်း ၃ မျိုးကို ဇူလိုင် ၁၅ ရက်မှာ ထည့်သွင်းနိုင်ပါတယ်။ Nintendo Switch Online ကတော့ တစ်နှစ် ၁၉.၉၉ ဒေါ်လာ ကျသင့်ပါမယ်။ ဝန်ဆောင်မှုမှာ Super Smash Bros. Ultimate နဲ့ Animal Crossing: New Horizons လိုမျို ဂိမ်းထဲက online multiplayer ကိုကစားနိုင်ပါမယ်။

စိုးထက်
Ref: CNET