
Nintendo ဟာ Indie World ပြပွဲမှာ Switch ဂိမ်းစက်အတွက် Among US ဂိမ်းထွက်ရှိမယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။
Among Us ဂိမ်းဟာ မိုဘိုင်းနဲ့ PC မှာပဲ ထွက်ရှိပြီး အခုအခါမှ ဂိမ်းစက်အတွက် ပထမဆုံး ထွက်လာတာ ဖြစ်ပါတယ်။
Among Us ဂိမ်းဟာ Nintendo မှာထွက်ရှိတဲ့ ဂိမ်းတွေနဲ့ ကိုက်ညီမှုလည်း ရှိပါတယ်။ Nintendo Switch မှာ Among Us ကစားသူတွေက Airship အသစ် ရရှိပါမယ်။ ပြီးခဲ့တဲ့အပတ်ကမှ The Game Awards အတွင်း Innersloth ကမိတ်ဆက်ခဲ့တဲ့ မြေပုံသစ် ရရှိပါမယ်။
Prep the airlock and join your crewmates in a multiplayer game of teamwork and betrayal!!#AmongUsGame by @InnerslothDevs is available today on #NintendoSwitch! #IndieWorld pic.twitter.com/RTrsLS02tV
— Nintendo of America (@NintendoAmerica) December 15, 2020
Among Us ဂိမ်းဟာ ၂၀၁၈ ခုနှစ်က ထွက်ပါတယ်။ Twitch တိုက်ရိုက်ထုတ်လွှင့်သူတွေကြောင့် အလွန်အမင်း ရေပန်းစားခဲ့ပါတယ်။ Developer တွေကလည်း Among Us ဂိမ်းမှာ လုပ်ဆောင်ချက်အသစ်တွေ ပါဝင်ဖို့ ဂိမ်းအဆက် ထွက်ရှိမယ့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း ရေပန်းအစားဆုံးဂိမ်းက Among Us ဂိမ်းဖြစ်ပါတယ်။
-စိုးထက်
Ref: TheNextWeb
»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««