Nintendo Switch မှာထွက်ရှိလာတဲ့ Donkey Kong Country 2

Nintendo ဟာ Switch Online retro ဂိမ်းတွေအတွက် ဂိမ်းများစွာ တိုးချဲ့နေပါတယ်။

အခုဆိုရင် Nintendo Switch အတွက် ၁၉၉၅ မှာထွက်ခဲ့တဲ့ Donkey Kong Country ဂိမ်းအဆက် Donkey Kong Country 2: Diddy’s Kong Quest ကိုဖြန့်ချိသွားပါမယ်။ ဇူလိုင်လတုန်းက Donkey Kong Country ကို ဖြန့်ချိထားပါသေးတယ်။

ဒါ့အပြင် Nintendo က Jaleco ရဲ့ ၁၉၉၃ ခုနှစ် SNES ဂိမ်း The Peace Keepers နဲ့ Natsume ရဲ့ ၁၉၉၀ NES သေနတ်ပစ်ဂိမ်း S.C.A.T: Special Cybernetic Attack Team တို့ကိုလည်း ဖြန့်ချိထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««