Nintendo Switch ဂိမ္းစက္ သန္း ၂၀ နီးပါး ေရာင္းခ်ခဲ့ရ

[Zawgyi]

Nintendo ဟာ လက္ရိွဘ႑ာေရးႏွစ္ရဲ႕ ပထမသံုးလပတ္ ဝင္ေငြအစီရင္ခံစာကို Switch ေရာင္းခ်ရတဲ့ စာရင္းနဲ႔အတူ ထုတ္ျပန္ခဲ့ပါတယ္။ ကုမၸဏီအေနနဲ႔ ဇြန္လ ၃၀ ရက္အထိ Switch ဂိမ္းစက္ ၁၉.၆၇ သန္း ေရာင္းခ်ခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Nintendo ဟာ ၂၀၁၈ ဧၿပီလကေန ၂၀၁၉ မတ္လကုန္အထိ အလံုးေရ သန္း ၂၀ ေရာင္းခ်ရဖို႔ ခန္႔မွန္းထားပါတယ္။ လက္ရိွမွာေတာ့ သံုးလအၾကာမွာ အလံုးေရ ၁.၈၈ သန္းသာ ေရာင္းခ်ထားရပါတယ္။ ဒါဟာ လြန္ခဲ့တဲ့ႏွစ္ကထက္ ေရာင္းအား အနည္းငယ္က်ဆင္းခဲ့ေပမယ့္ အားလပ္ရက္ရာသီနဲ႔အတူ အသစ္ျဖန္႔ခ်ိမယ့္ Super Smash Bros. Ultimate နဲ႔ Pokemon: Let’s Go ဂိမ္းႏွစ္ခုတို႔က ကုမၸဏီအတြက္ အလုပ္အ႐ႈပ္ဆံုးအခ်ိန္ေတြ ျဖစ္လာႏိုင္ပါတယ္။

Nintendo ဟာ ဒီသံုးလပတ္မွာ ဝင္ေငြ ယန္း ၁၆၈ ဘီလ်ံ (ေဒၚလာ ၁.၅၁ ဘီလ်ံ) ရရိွခဲ့ၿပီး အျမတ္ေငြ ယန္း ၃၀.၅ ဘီလ်ံ (ေဒၚလာ ၂၇၅ သန္း) ရရိွခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ႏွစ္ထက္ ၈၈.၄ ရာခိုင္ႏႈန္းနဲ႔ ၉.၁ ရာခိုင္ႏႈန္း အသီးသီး တိုးတက္လာတာ ျဖစ္တယ္လို႔ သိရပါတယ္။

Ref: TheVerge

[Unicode]

Nintendo ဟာ လက်ရှိဘဏ္ဍာရေးနှစ်ရဲ့ ပထမသုံးလပတ် ဝင်ငွေအစီရင်ခံစာကို Switch ရောင်းချရတဲ့ စာရင်းနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဇွန်လ ၃၀ ရက်အထိ Switch ဂိမ်းစက် ၁၉.၆၇ သန်း ရောင်းချခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

Nintendo ဟာ ၂၀၁၈ ဧပြီလကနေ ၂၀၁၉ မတ်လကုန်အထိ အလုံးရေ သန်း ၂၀ ရောင်းချရဖို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာတော့ သုံးလအကြာမှာ အလုံးရေ ၁.၈၈ သန်းသာ ရောင်းချထားရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်ကထက် ရောင်းအား အနည်းငယ်ကျဆင်းခဲ့ပေမယ့် အားလပ်ရက်ရာသီနဲ့အတူ အသစ်ဖြန့်ချိမယ့် Super Smash Bros. Ultimate နဲ့ Pokemon: Let’s Go ဂိမ်းနှစ်ခုတို့က ကုမ္ပဏီအတွက် အလုပ်အရှုပ်ဆုံးအချိန်တွေ ဖြစ်လာနိုင်ပါတယ်။

Nintendo ဟာ ဒီသုံးလပတ်မှာ ဝင်ငွေ ယန်း ၁၆၈ ဘီလျံ (ဒေါ်လာ ၁.၅၁ ဘီလျံ) ရရှိခဲ့ပြီး အမြတ်ငွေ ယန်း ၃၀.၅ ဘီလျံ (ဒေါ်လာ ၂၇၅ သန်း) ရရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ထက် ၈၈.၄ ရာခိုင်နှုန်းနဲ့ ၉.၁ ရာခိုင်နှုန်း အသီးသီး တိုးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: TheVerge