NIKON Z6II Mirrorless Digital Camera

စျေးနှုန်း – Body Only USD 2000$

With 24-70mm kit USD2600$

အားသာချက်

ပြည်တွင်းစျေးကွက်မှာ Pre order အနေနဲ့ ဝယ်ယူနိုင်ပြီဖြစ်တဲ့ NIKON Z6II Mirrorless Digital Camera ဖြစ်ပါတယ်။ 35.9 x 23.9 mm အရွယ်ရှိ FX-Format BSI CMOS Sensor ပါဝင်ပါတယ်။ EXPEED 6 Image Processing Engine ထောက်ပံ့ပေးထားပြီး NIKON ကထုတ်တဲ့ ပထမဦးဆုံး Full Frame Mirrorless ဒီဂျစ်တယ်ကင်မရာ Z6 ရဲ့ ဒုတိယမျိုးဆက် ဖြစ်ပါတယ်။ ကိုယ်ထည်အတွင်းမှာ တုန်ခါမှုကြောင့် ပုံရိပ်တွေ မဝေဝါးစေဖို့ 5-Axis Vibration Reduction ထည့်သွင်းပေးထားပါတယ်။ ကိုယ်ထည်ကို အကြမ်းခံ ၊ ရာသီဥတုဒဏ်ခံ မဂ္ဂနီဆီယမ်သတ္ထုနဲ့ တည်ဆောက်ထားပါတယ်။ 24.5 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို UHD 4K30 Video; N-Log & 10-Bit HDMI Out နဲ့ရိုက်ကူးနိုင်ပါတယ်။ ISO အနေနဲ့ Auto, 100 to 51200 (Extended: 50 to 204800) အထိ ရရှိနိုင်ပါတယ်။ NIKON ရဲ့ Mount ဖြစ်တဲ့ Z Mount ဖြစ်ပြီး သူ့အတွက် သီးသန့်ထုတ်ထားတဲ့ S Lens တွေနဲ့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ၃.၂ လက်မ အရွယ်အစားဖြစ်ပြီး 2,100,000 Dot အရည်အသွေးရှိ Tilt LCD touchscreen ပါဝင်ကာ ထိတွေ့စေခိုင်းနိုင်မှာပါ။ ဒါ့အပြင် 3,690,000 Dot အရည်အသွေးရှိ Electronic Viewfinder ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Focus Point စနစ်ပိုင်းက Continuous-Servo AF (C), Full-Time Servo (F), Manual Focus (M), Single-Servo AF (S) ဖြစ်ပြီး Phase Detection: 273 အထိရရှိမှာ ဖြစ်တဲ့အတွက် Focus မြန်ဆန်ပါတယ်။ WiFi, Bluetooth နဲ့ SnapBridge 2.5 ပါဝင်လို့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက်ပေါ် ချက်ချင်းတင်နိုင်ပါတယ်။

အားနည်းချက်

GPS ထောက်ပံ့မှု မပါရှိပါဘူး။ အရင်ထွက်ရှိထားတဲ့ Z6 ရဲ့ စွမ်းဆောင်ချက် အများစုနဲ့ သိပ်ပြီး မတိမ်းမယိမ်း ဖြစ်နေတယ်။

သုံးသပ်ချက်

ရှပ်တာအသံ တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး ရုပ်ထွက်ပိုင်းဆိုင်ရာကောင်းမွန်ကာ NIKON Camera သမားများအတွက် မက်မောလောက်စရာဖြစ်တဲ့ Professional ကင်မရာဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုမှာ အားသာလာသလို Z6 ထက် Memory Card အမျိုးအစား ပိုမိုရွေးချယ် အသုံးပြုလာနိုင်တာက ထူးခြားမှုပါ။ FPS လည်း ပိုမိုများပြားလာပါပြီ။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG နဲ့ RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။JPEG မှာ 14fps ရရှိမှာပါ။ ဗီဒီယိုပိုင်းမှာ H.264/MOV/MP4 4:2:0 8-Bit, UHD 4K (3840 x 2160) at 23.976p/25p/29.97p , Full HD (1920 x 1080) at 23.976p/25p/29.97p/50p/59.94p/100p/119.88p မြန်နှုန်းနဲ့ ရိုက်ကူးနိုင်မှာပါ။ Shutter Speed အနေနဲ့ 1/8000 to 900 Seconds ,Bulb Mode အထိရပါတယ်။ Built-in Flash ထောက်ပံ့မှု မပါလာတော့ပါဘူး ။ Flash Mode မှာ Off, First-Curtain Sync, Rear Curtain/Slow Sync, Slow Sync, Rear Sync, Slow Sync/red-eye Reduction တို့ပါဝင်ပါတယ်။ External Speed Light တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Shutter Priority, Program, Auto, Compensation : -5 EV to +5 EV (in 1/3 EV Step) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto Color Temperature, Direct Sunlight, Flash, Fluorescent Incandescent, Preset Manual, Shade စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက်Center-Weighted Average, Highlight Weighted, Matrix, Spot တို့ပါဝင်ပါတယ်။ Metering Range မှာ 4 to 17 EV အထိ စွမ်းဆောင်နိုင်ပါတယ်။

Card Slot နှစ်ခုပါဝင်ပြီး Slot 1 မှာ CFexpress Type B / XQD နဲ့ Slot 2 မှာ SD/SDHC/SDXC (UHS-II) ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 2.1m-Dot အရည်သွေးထွက်ရှိတဲ့ ၃.၂ လက်မ အရွယ်ရှိ Rear Touchscreen Tilting LCD ကို ထောက်ပံ့ထားပါတယ်။ View Finder အနေနဲ့လည်း 0.80×3.6m-Dot Electronic View Finder With NIKKOR Optic ပါဝင်ပါတယ်။ ချိတ်ဆက်မှုအတွက် 3 3.5mm Headphone, 3.5mm Microphone, HDMI C (Mini), Nikon DC2, USB Type-C (USB 3.0), WiFi, Bluetooth စတာတွေ ပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ EN-EL15c Rechargeable Lithium-Ionဘက်ထရီ အသုံးပြုထားပါတယ်။ Nikon Myanmar ဖုန်း-၀၉ ၅၀၇၅၈၉၇ ကနေ တရားဝင် တင်သွင်းဖြန့်ချိတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««