NIKON Z6 Mirrorless Digital Camera

အားသာချက်

ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်ပြီး ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် အရောင်းရဆုံး ကင်မရာစာရင်းထဲမှာ ပါဝင်နေဆဲဖြစ်တဲ့ NIKON Z6 Mirrorless Digital Camera ဖြစ်ပါတယ်။ 35.9x 23.9 mm အရွယ်ရှိ FX-Format BSI CMOS Sensor ပါဝင်ပါတယ်။ EXPEED 6 Image Processing Engine ထောက်ပံ့ပေးထားပါတယ်။ NIKON ကထုတ်တဲ့ Nikon ရဲ့ပထမဦးဆုံး Full Frame Mirrorless ဒီဂျစ်တယ်ကင်မရာ ဖြစ်ပါတယ်။ ကိုယ်ထည်အတွင်းမှာ တုန်ခါမှုကြောင့် ပုံရိပ်တွေ မဝေးဝါးစေဖို့ 5-Axis Vibration Reduction ထည့်သွင်းပေးထားပါတယ်။ ကိုယ်ထည်ကို အကြမ်းခံ ရာသီဥတုဒဏ်ခံ မက်ဂနီဆီယမ်သတ္ထုနဲ့ တည်ဆောက်ထားပါတယ်။ 24.5 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို UHD 4K (3840 x 2160) at 23.976p/25p/29.97p နဲ့ရိုက်ကူးနိုင်ပါတယ်။ ISO အနေနဲ့ Auto, 100 to 51200 (Extended: 50 to 204800) အထိ ရရှိနိုင်မှာပါ။ Nikon ရဲ့ Mount အသစ်ဖြစ်တဲ့ Z Mount နဲ့ ဖြစ်ပြီး သူ့အတွက် သီးသန့်ထုတ်တဲ့ S Lens ေတွနဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုရမှာပါ ။ ၃.၂ လက်မ အရွယ်ရှိ 2.1 Tilt LCD TouchScreen ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ ဒါ့အပြင် Electronic Viewfinder အဖြစ် 0.80×3.6-Dot EVF with NIKKOR Optics လည်းထောက်ပံ့ပေးထားပါတယ်။ Focus Point စနစ်ပိုင်းက Continuous-Servo AF (C), Full-Time Servo (F), Manual Focus (M), Single-Servo AF (S) ဖြစ်ပြီး Phase Detection: 273 အထိ ရရှိမှာဖြစ်တဲ့အတွက် Focus မြန်ဆန်ပါတယ်။ Wifi, Bluetooth နဲ့ SnapBridge 2.5 ပါဝင်လို့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက်ပေါ် ချက်ချင်းတင်နိုင်ပါတယ်။

အားနည်းချက်

GPS ထောက်ပံ့မှု မပါရှိပါဘူး။ ပြီးတော့ အတူထွက်ရှိထားတဲ့ Nikon Z7 ထက် Megapixel နည်းပါးတာကို တွေ့ရပါတယ်။ အသုံးပြု မန်မိုရီကတ်အနေနဲ့ ဈေးမြင့်မားပြီး Card Slot ကလည်း တစ်ခုပဲပါဝင်တာပါ။

သုံးသပ်ချက်

ရှပ်တာအသံ တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး ရုပ်ထွက်ပိုင်းဆိုင်ရာ ကောင်းမွန်ကာ Nikon ကင်မရာ သမားများအတွက် မက်မောလောက်စရာဖြစ်တဲ့ Professional ကင်မရာဖြစ်ပါတယ်။ ပြီးတော့ Megapixel အနေနဲ့ အတူထွက်ရှိထားတဲ့ Nikon Z7 ထက်နည်းပါးတာ ဖြစ်တဲ့အတွက် Lowlight ရိုက်ကူးရေးမှာ Z7 ထက် အားသာနေတဲ့ အပိုင်းတွေလည်း ရှိနေပြန်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။JPEG မှာ 12fps ရရှိမှာပါ။ ဗီဒီယိုပိုင်းမှာ 4K UHD ,30fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်မှာပါ။ Shutter Speed အနေနဲ့ Mechanical မှာ အနှေးဆုံး 30” ကနေ 1 / 8000 အထိ ရပါတယ်။ Built-in Flash အမျိုးစားကတော့ Pop-Up အမျိုးအစားဖြစ်ပြီး Flash Mode မှာ Off, First-Curtain Sync, Rear Curtain/Slow Sync, Slow Sync, Rear Sync, Slow Sync/red-eye Reduction တို့ပါဝင်ပါတယ်။ External Speed Light တပ်ဆင်ဖို့အတွက် Hot shoe လည်းပါဝင်ပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Shutter Priority, Program, Auto, Compensation : -5 EV to +5 EV (in 1/3 EV Step) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto Color Temperature, Direct Sunlight, Flash, Fluorescent Incandescent, Preset Manual, Shade စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက်Center-Weighted Average, Highlight Weighted, Matrix, Spot တို့ပါဝင်ပါတယ်။

Card Slot တစ်ခုပါဝင်ပြီး XQD ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 2.1m-Dot အရည်အသွေးထွက် ၃.၂ လက်မအရွယ်ရှိ Rear Touchscreen Tilting LCD ကို ထောက်ပံ့ထားပါတယ်။ View Finder အနေနဲ့လည်း 0.80×3.6m-Dot Electronic View Finder With NIKKOR Optic ပါဝင်ပါတယ်။ ချိတ်ဆက်မှုအပိုင်းတွေကတော့ 3.5mm Headphone, 3.5mm Microphone, HDMI C (Mini), Nikon DC2, USB Type-C (USB 3.0), WiFi, Bluetooth စတာတွေ ပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ EN-EL15b ဘက်ထရီ အသုံးပြုပြီး အားအပြည့်သွင်းထားရင် Video ကို ၃၀ မိနစ် ဆက်တိုက် ရိုက်ကူးနိုင်ပါတယ်။ ကိုယ်ထည်အရွယ်အစား 134 x 100.5 x 67.5 mm ဖြစ်ပြီး အလေးချိန် 585g ရှိပါတယ်။ Nikon Myanmar -၀၉ ၅၀၇၅၈၉၇ ကနေ တရားဝင် တင်သွင်းဖြန့်ချိတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H