NIKON Z5 Mirrorless Digital Camera

တန်ဖိုး – ကန်ဒေါ်လာ ၁၄၀၅

အားသာချက်

ပြည်တွင်းစျေးကွက်မှာ Pre order တင်ပြီး ဝယ်ယူနိုင်ပြီးဖြစ်တဲ့ Nikon Z5 Mirrorless Camera ဖြစ်ပါတယ်။ 35.9x 23.9 mm အရွယ်ရှိ FX-Format CMOS Sensor ပါဝင်ပါတယ်။ EXPEED 6 Image Processing Engine ထောက်ပံ့ပေးထားပါတယ်။ Body အတွင်းမှာ တုန်ခါမှုကြောင့် ပုံရိပ်တွေ မဝေးဝါးစေရန် 5-Axis Vibration Reduction ထည့်သွင်းပေးထားပါတယ်။ 24.3 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format , RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို UHD 4K (3840 x 2160) at 23.976p/25p/29.97p နဲ့ရိုက်ကူးနိုင်ပါတယ်။ ISO အနေနဲ့ Auto, 100 to 51200 (Extended: 50 to 102400) အထိ ရရှိနိုင်မှာပါ။ Nikon ရဲ့ Mount ဖြစ်တဲ့ Z Mount ဖြစ်ပြီး သူ့အတွက် သီးသန့်ထုတ်တဲ့ S Lens တွနဲ့ တိုက်ရိုက် ချိတ်ဆက်အသုံးပြုရမှာပါ။

3.2 လက်မအရွယ်ရှိ Tilting Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ ဒါ့အပြင် Electronic Viewfinder အဖြစ် 0.5″အရွယ်ရှိ OLED လည်းထောက်ပံ့ပေးထားပါတယ်။ Focus Point စနစ်ပိုင်းက Continuous-Servo AF (C), Full-Time Servo (F), Manual Focus (M), Single-Servo AF (S)ဖြစ်ပြီး Phase Detection: 273 အထိရရှိမှာဖြစ်ပါတယ်။ Wi-Fi, Bluetooth နဲ့ SnapBridge 2.5 ပါဝင်လို့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက်ပေါ် ချက်ချင်းတင်နိုင်ပါတယ်။ ဖော်ပြပေးထားတဲ့စျေးနှုန်းက ပြည်တွင်းမှာဝယ်ယူနိုင်မယ့် Body Only စျေးဖြစ်ပါတယ်။

အားနည်းချက်

Frame Per Second fps အနေနဲ့ 4.5 ပဲရတဲ့အတွက် အရမ်းနည်းပါတယ်။ Focus Point အနေနဲ့လည်း အရင်ထုတ် Nikon Z series တွေထက် နည်းပါးတာကိုတွေ့ရပါတယ်။ Metering ဖတ်ယူမှုစနစ်လည်း နှစ်မျိုးပဲ ထောက်ပံ့ပေးထားပါတယ်။

သုံးသပ်ချက်

Z Series တွေအထဲမှာ စျေးနှုန်းအချိုသာဆုံး ဖြစ်ပါတယ်။ ရှပ်တာအသံ တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး Creative Picture Control များစွာလည်း ထည့်သွင်းပေးထားလို့ ဓာတ်ပုံဝါသနာရှင်များ သဘောကျမယ့် ကင်မရာမော်ဒယ်သစ်ပါ။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG,RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။ JPEG မှာ 4.5 fps ရရှိမှာပါ။ ဗီဒီယိုပိုင်းမှာ 4K UHD ,30 fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်မှာပါ။ Shutter Speed အနေနဲ့ Mechanical မှာ အနှေးဆုံး 30” ကနေ 1 / 8000 အထိ ရပါတယ်။ Bult-in Flash အမျိုးစားကတော့ Pop-up အမျိုးအစားဖြစ်ပြီး Flash Mode မှာ Off, First-Curtain Sync, Rear Curtain/Slow Sync, Slow Sync, Rear Sync, Slow Sync/red-eye Reduction တို့ပါဝင်ပါတယ်။ External Speed Light တပ်ဆင်ဖို့အတွက် Hot shoe လည်းပါဝင်ပါတယ်။ Creative Picture Controls အနေနဲ့ Dream, Morning, Pop, Sunday, Somber, Dramatic, Silence, Bleached, Melancholic, Pure, Denim, Toy, Sepia, Blue, Red, Pink, Charcoal, Graphite, Binary နဲ့ Carbon ဆိုပြီး မြောက်မြားစွာ ပါဝင်လာပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Shutter Priority, Program, Auto, Compensation : 5 to +5 EV (1/3, 1/2 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Auto, Cloudy, Color Temperature, Direct Sunlight, Flash, Fluorescent, Incandescent, Preset Manual, Shade စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Matrix တို့ပါဝင်ပါတယ်။

Card Slot နှစ်ခု ပါဝင်ပြီး SD/SDHC/SDXC (UHS-II) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 1.4m-Dot အရည်သွေးထွက် 3.2 လက်မအရွယ်ရှိ Rear Touchscreen Tilting LCD ကို ထောက်ပံ့ထားပါတယ်။ View Finder အနေနဲ့လည်း 3.69m-dot electronic finder I ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ EN-EL15c Rechargeable Lithium-Ion ဘက်ထရီ အသုံးပြုပြီး အားအပြည့်သွင်းထားရင် ဓာတ်ပုံ ကို ၄၇၀ လောက် ဆက်တိုက် ရိုက်နိုင်ပါတယ်။ ကိုယ်ထည်အရွယ်အစား 134 x 100.5 x 69.5 mm ရှိပြီး အလေးချိန် 590g ရှိပါတယ်။ Nikon Myanmar ဖုန်း – ၀၁၂၀၀၁၃၈၊ ၀၁၃၇၉ ၆၁၇ မှာစုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H