NIKON Z 7ii Mirrorless Digital Camera

အားသာချက်

ပြည်တွင်းဈေးကွက်ထဲကို မကြာခင်မှာ တရားဝင် ဝင်ရောက်လာတော့မယ့် မော်ဒယ် ဖြစ်ပါတယ်။ 35.9x 23.9 mm အရွယ်ရှိ FX-Format BSI CMOS Sensor ပါဝင်ပါတယ်။ EXPEED 6 Image Processing Engine ထောက်ပံ့ပေးထားပါတယ်။ NIKON ကထုတ်တဲ့ Nikon ရဲ့ပထမဦးဆုံး Full Frame Mirrorless ဒီဂျစ်တယ်ကင်မရာရဲ့ ဒုတိယ မျိုးဆက် ဖြစ်ပါတယ်။ ကိုယ်ထည်အတွင်းမှာ တုန်ခါမှုကြောင့် ပုံရိပ်တွေ မဝေးဝါးစေဖို့ 5-Axis Vibration Reduction ထည့်သွင်းပေးထားပါတယ်။ ကိုယ်ထည်ကို အကြမ်းခံ ရာသီဥတုဒဏ်ခံ မဂ္ဂနီဆီယမ်သတ္ထုနဲ့ တည်ဆောက်ထားပါတယ်။

ဒီဇိုင်းမှာ အသေးစိတ်နိမ့်ကျသော ရိုက်ကူးနိုင်မှုအတွက် optical low-pass filter ကို ဖယ်ထုတ်ပေးထားပါတယ်။ ရွေးချယ်စရာ ProRes RAW အဆင့်မြှင့်ပေးထားတဲ့အတွက် ကင်မရာဟာ ProRes RAW ရိုက်ကူးမှုကိုသဟဇာတဖြစ်တဲ့ Atomos external recorder သို့ထုတ်ပေးနိုင်ပါတယ်။ 45.7 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုကို 4K UHD 30fps အထိ ရိုက်ကူးနိုင်ပြီး Time-Lapse တွေကို 8K နဲ့ရိုက်ကူးနိုင်ပါတယ်။ ISO အနေနဲ့ 64-25600 (Extended Mode:32-102400) အထိ ရရှိနိုင်မှာပါ။ Nikon ရဲ့ Mount အသစ်ဖြစ်တဲ့ Z Mount ဖြစ်ပြီး သူ့အတွက် သီးသန့်ထုတ်တဲ့ S Lens တွနဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုရမှာပါ။ အဆင့်မြှင့်တင်ထားတဲ့ autofocus စနစ်မှာ Wide-Area AF mode ပါဝင်သလို လူသား၊ တိရိစ္ဆာန်တွေအတွက် မျက်လုံးနဲ့မျက်နှာရှာဖွေခြင်းနဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုမှတ်တမ်းတင်ခြင်းတို့ပါဝင် ထောက်ပံ့ထားပါတယ်။

၃.၂ လက်မအရွယ်ရှိ 2.1 Tilt LCD touchScreen ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Electronic Viewfinder အဖြစ် 0.80 x 3.6-Dot EVF with NIKKOR Optics ကိုလည်း ထောက်ပံ့ပေးထားပါတယ်။Focus Point စနစ်ပိုင်းက Hybrid AF System ဖြစ်ပြီး Focus Point 493 Point အထိရရှိမှာဖြစ်တဲ့အတွက် Focus မြန်ဆန်ပါတယ်။ WiFi, Bluetooth နဲ့ SnapBridge 2.5 ပါဝင်လို့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက်ပေါ် ချက်ချင်းတင်နိုင်ပါတယ်။

အားနည်းချက်

Frame Per Second fps အနေနဲ့ 10fps ပဲရတဲ့အတွက် အတူထွက်ရှိတဲ့ Nikon Z6 ii ထက်နည်းပါးတာတွေ့ရပါတယ်။ ပြီးတော့ Megapixel အနေနဲ့လည်း များပြားစွာ ဖွဲ့စည်းတည်ရှိတာကြောင့် Nikon Z6 ii လောက် ISO နိုင်နင်းမှု မရှိနိုင်ပါဘူး။ GPS ထောက်ပံ့မှုလည်း မပါဝင်ပါဘူး။

သုံးသပ်ချက်

ရှပ်တာအသံ တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး ရုပ်ထွက်ပိုင်းဆိုင်ရာ ကောင်းမွန်ကာ Nikon Camera သမားတွေအတွက် မက်မောလောက်စရာဖြစ်တဲ့ Professional ကင်မရာဖြစ်ပါတယ်။ Card Slot စနစ်တွေ ၊ Card စနစ်တွေ ပြုပြင် မွမ်းမံထားပြီး ဗီဒီယိုရိုက်ကူးမှုပိုင်းတွေလည်း ပိုအားသာလာပါတယ်။ FPS ပိုင်းမှာလည်း အရင် Z7 ထက် ပိုမြန်လာတာကို တွေ့ရပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။JPEG မှာ 9fps ရရှိမှာဖြစ်ပြီး ဗီဒီယိုပိုင်းမှာ UHD 4K60 Video; N-Log & 10-Bit HDMI Out မြန်နှုန်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Shutter Speed အနေနဲ့ Electronic Front Curtain Shutter မှာ 1/8000 to 900 Seconds Bulb Mode အထိ ရပါတယ်။ Built-in Flash ထောက်ပံ့ပေးထားခြင်း မရှိပါဘူး ။ Flash Mode မှာ First-Curtain Sync, Off, Rear Curtain/Slow Sync, Rear Sync, Red-Eye Reduction, Slow Sync, Slow Sync/Red-Eye Reduction တို့ပါဝင်ပါတယ်။ External Speed Light တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Shutter Priority, Program, Auto, Compensation : -5 EV to +5 EV (in 1/3 EV Step) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto Color Temperature, Direct Sunlight, Flash, Fluorescent Incandescent, Preset Manual, Shade စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Highlight Weighted, Matrix, Spot တို့ပါဝင်ပါတယ်။

Card Slot အနေနဲ့ နှစ်ခုပါလာပြီး Slot 1 မှာ CFexpress Type B / XQD, Slot 2 မှာ SD/SDHC/SDXC (UHS-II) ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display ပိုင်းအတွက်ကိုတော့ 2.1m-Dot အရည်သွေးထွက်ရှိတဲ့ ၃.၂ လက်မအရွယ်ရှိ Rear Touchscreen Tilting LCD ကို ထောက်ပံ့ပေးထားပါတယ်။ View Finder အနေနဲ့ 0.80 x 3.6m-Dot Electronic View Finder With NIKKOR Optic ပါဝင်ပါတယ်။ ချိတ်ဆက်မှုအတွက် 3.5mm Headphone, 3.5mm Microphone, HDMI C (Mini), Nikon DC2, USB Type-C (USB 3.0), WiFi , BT စတာတွေထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ EN-EL15c Rechargeable Lithium-Ion ဘက်ထရီ အသုံးပြုထားပါတယ်။ ကိုယ်ထည်အရွယ်အစား 134 x 100.5 x 69.5 mm ရှိဖြစ် အလေးချိန်က 615g ရှိပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««