Nikon Z 50 Mirrorless Digital Camera with 16-50mm Lens

တန်ဖိုး-ကန်ဒေါ်လာ 996.95$

အားသာချက်

Preorder အနေနဲ့ ကြိုတင်မှာယူပြီး ၀ယ်ယူနိုင်မယ့် Nikon ရဲ့ Z50 ကင်မရာဖြစ်ပါတယ်။ Z Series ထဲမှာ ပထမဦးဆုံးသော DX Format လည်းဖြစ်သလို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရိုက်ကူးနိုင်မယ့် ကင်မရာဖြစ်ပါ တယ်။ 22.3 x 15.7 mm အရွယ်ရှိ APS-C (1.5x Crop Factor CMOSSensor ပါ၀င်ပါတယ်။

EXPEED 6 Image Processor ထောက်ပံ့ပေးထားပါတယ်။ 20.9 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ UHD 4K and Full HD Video Recording ရရှိနိုင်ပြီး ISO အနေနဲ့ Auto, 100 to 51200 (Extended: 100 to 204800) အထိရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 11fps အ ထိရရှိနိုင်ပါတယ်။ 1.04m -Dot အရည်အသွေးရှိ ၃.၂ လက်မအရွယ် Tilting Touchscreen LCD ပါ၀င်ပြီး ၁၈၀ ဒီဂရီလှည့်နိုင်ပြီး ထိတွေ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ 2.36m-Dot အရည်အသွေးရှိ OLED Electronic Viewfinder ပါ၀င်ပါတယ်။ Focus Point စနစ်ပိုင်းကလည်း Manual Focus, Auto ရရှိနိုင်ပြီး Automatic (A), Continuous-Servo AF (C), Full-Time Servo (F), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Focus Point Phase Detection: 209 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Nikon Z ဖြစ်ပါတယ်။ ဒီစျေးကတော့ 16 to 50mm တစ်ပါတည်း ပါ၀င်ပြီး ဖြစ်ပြီး ၃၅ မမမြင်ကွင်းနဲ့ဆိုရင် 24 to 75mm မြင်ကွင်းမျိုးရရှိမှာပါ။

အားနည်းချက်

4K Video ထောက်ပံ့မှုပါပေမယ့် 23.976p/25p/29.97p ပဲရရှိနိုင်ပါတယ်။ ပြီးတော့ ဘက်ထရီအနေအထားအရ အားအကုန်မြန်မယ့် သဘောမှာရှိနေပါတယ်။

သုံးသပ်ချက်

စျေးနှုန်းအနေနဲ့ ဓာတ်ပုံ၀ါသနာရှင်တိုင်း လက်လှမ်းမှီနိုင်တဲ့ အနေအထားပါ။ ပေါ့ပေါ့ပါးပါးနဲ့ ခရီးဆောင်အဖြစ် သယ်ဆောင်အသုံးပြုနိုင်မယ့် ကင်မရာ ဖြစ်ပါတယ်။ Street သမားတွေအတွက် ပိုပြီး အဆင်ပြေနိုင်မှာပါ။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ JPEG မှာ 11Frames အထိရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 4000 အထိရရှိမှာဖြစ်ပါတယ်။ Pop-up ထောက်ပံ့ပေးထားသလို External Flash တပ်ဆင်ဖို့အတွက် Hot shoe လည်း တပ်ဆင်ပေးထားပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority စတာတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Highlight Weighted, Matrix, Spot တို့ ပါ၀င်ပါတယ်။

Card Slot တစ်ခုပါ၀င်ပြီး SD/SDHC/SDXC (UHS-I) တို့ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Display ပိုင်းအတွက် 1.04m-Dot အရည်အသွေးရှိ ၃.၂ လက်မအရွယ် Tilting Touchscreen LCD ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုပိုင်းအနေနဲ့ Micro-B (USB 2.0), HDMI D (Micro), 3.5mm Microphone, Bluetooth, WiFi စတာတွေ ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကိုတော့ EN-EL25 Rechargeable Lithium-Ion, 7.6 VDC, 1120 mAh ဘက်ထရီ အသုံးပြုထားပြီး အားအပြည့်သွင်းထားရင် ရိုက်ချက် ၃၀၀ ကျော်ပဲ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည်အရွယ်အစားက 126.5 x 93.5 x 60 mm ဖြစ်ပြီး အလေးချိန် 395g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H