Nikon Myanmar မှ Basic Photography Course ကို အွန်လိုင်းတွင် ဖွင့်လှစ်ပို့ချမည်

ပြည်တွင်း/ပြည်ပ ဘယ်ဒေသက ဖြစ်ဖြစ် မိမိအိမ်မှာနေရင်း အလုပ်အကိုင်မပျက်၊ အချိန်သီးခြားပေးစရာ မလိုဘဲ တက်ရောက်နိုင်တဲ့ “Digital Camera ကိုင်တွယ်အသုံးပြုနည်း” (Basic Photography, How to take a Photo?) သင်တန်းကို အွန်လိုင်းကနေ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Nikon Myanmar ကနေ ဇူလိုင် ၁ ရက်ကစပြီး သင်ကြားပေးမှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ ကြိုတင်စာရင်းပေးသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
သင်ကြားပို့ချပေးမယ့် ဆရာကတော့ Silk Road Youth International Photographic Competition Organizing Committee မှ ချီးမြှင့်တဲ့ The Light Of Silk Road “Excellence Tutor Award” ရ ဓာတ်ပုံသင်တန်းနည်းပြဆရာတစ်ဦးဖြစ်သူ ဆရာတင်အောင်ကြီး (မန်းတက္ကသိုလ်) (Hon:UMPS) မှ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး Different types of Digital Cameras, Exposure (Aperture, Shutter,ISO), Exposure Meter , How to take a Photo?, Important Settings in Camera, Built-in-Flash , Converting Raw to JPEG, Q&A for Photography Knowledge အစရှိတဲ့ သင်ခန်းစာတွေကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကို ဇူလိုင် ၁ ရက်မှာ စတင်မှာ ဖြစ်ပြီး သင်တန်းကြေးကတော့ ငါးသောာင်းကျပ် ဖြစ်ပါတယ်။ သင်ကြားတတ်ရောက်လိုသူတွေ အနေနဲ့ ဖုန်း၊ Tablet၊ ကွန်ပျူတာ ရှိပြီး အင်တာနက်ရှိတဲ့ မည်သည့်ဒေသက မဆို လွယ်ကူစွာ အိမ်မှာနေရင်း၊ အလုပ်အကိုင်မပျက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းအနေနဲ့လည်း အချိန်ကာလ ကန့်သတ်ချက် မရှိ၊ စတင် စာရင်းပေးသွင်းချိန်မှ စကာ ထာဝရ တက်ရောက် သင်ကြားနိုင်တဲ့ သင်ကြားရေးစနစ်နဲ့ သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ Nikon Myanmar ရဲ့ Message Box မှာ စာရင်းပေးသွင်းနိုင်ပြီး Nikon Myanmar ဖုန်း – ၀၁၂၀၀၁၃၈၊ ၀၁ ၃၉ ၇၆၁၇၊ ၀၉ ၄၀၁၅၁၄၃၄၉ ၊ ၀၉ ၅၀၇၅၈၉ ၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။