Nikon Free Basic Training @Yangon ပြုလုပ်မည်

Covid-19 ကာလအတွင်းမှာ မဖွင့်လှစ်ဖြစ်ခဲ့တဲ့ Nikon Free Basic Training ကို စက်တင်ဘာ ၅ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေနေနဲ့ ကြိုတင် Register ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို ရန်ကုန်မြို့မှ Nikon Camera ကို စိတ်ဝင်စားသူတွေနဲ့ ဓာတ်ပုံဝါသနာရှင်တွေအတွက် Nikon Myanmar မှကြီးမှူးကျင်းပတာ ဖြစ်ပြီး Silk Road Youth International Photographic Competition Organizing Committee မှ ချီးမြှင့်တဲ့ The Light Of Silk Road “Excellence Tutor Award” ရ ဓာတ်ပုံသင်တန်း နည်းပြဆရာတစ်ဦးဖြစ်သူ Nikon School Myanmar မှ Instructor ဆရာတင်အောင်ကြီး(မန်းတက္ကသိုလ်) (Hon:UMPS) မှ သင်ကြားပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းသားဦးရေကို အယောက် (၃၀) သာ သတ်မှတ်ထားပြီး အမှန်တကယ် တက်ရောက်နိုင်မှသာလျှင် စာရင်းပေးသွင်းဖို့ တိုက်တွန်းထားပါတယ်။သင်တန်းချိန်ကတော့ စက်တင်ဘာ ၅ ရက်၊ နေ့လယ် ၁ နာရီမှ မှ ညနေ ၄ နာရီအထိဖြစ်ပြီး Nikon School Myanmar အမှတ် ၁၈၄-၁၉၂၊ အခန်းအမှတ် (ဘီ-၁)၊ မြေညီထပ်၊ နှင်းဆီကွန်ဒို၊ ဗိုလ်တထောင်ဘုရားလမ်း (အလယ်ဘလောက်) မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း – ၀၁-၂၀၀၁၃၈/၃၉၇၆၁၇/၀၉-၅၀၇၅၈၉၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ