Nikon D3500 DSLR Camera with 18-55mm Lens

အားသာချက်

၂၀၁၉ နဲ့ ၂၀၂၀ အတွင်း အကောင်းဆုံးနဲ့ စျေးသက်သာတဲ့ ကင်မရာစာရင်းထဲမှာ နှစ်နှစ် ဆက်တိုက် ဖော်ပြခံရတဲ့ ကင်မရာဖြစ်ပါတယ်။ အထူးသဖြင့် Guide Mode Function ပါပါဝင်လာတော့ ကင်မရာ စတင် လေ့လာသူတွေအတွက် အသုံးတည့်ဆုံး ကင်မရာဖြစ်ပါတယ်။ အဲ့ဒါကတော့ ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်လာပြီဖြစ်တဲ့ Nikon D3500 ဖြစ်ပါတယ်။ 23.5 x 15.6 mm အရွယ်ရှိ COMOS Sensor သုံး DX / (1.5x Crop Factor) ဖြစ်ပါတယ်။ EXPEED 4 image processor ထောက်ပံ့ပေးထားပါတယ်။ 24.2MP ပါဝင်ပြီး ဓာတ်ပုံကို JPEG အပြင် RAW နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ Full HD 1080p Video Recording at 60 fps ရရှိမှာ ဖြစ်ပါတယ်။ ISO အနေနဲ့ Auto, 100-25600 အထိ ရရှိနိုင်မှာဖြစ်ပြီး Frame Per Second fps အနေနဲ့ 5 fps အထိ ရရှိမှာဖြစ်ပါတယ် ။ 18.00 mm အရွယ်အစား Optical View Finder နဲ့ ၃ လက်မအရွယ် 921k-Dot LCD Monitor ထောက်ပံ့ပေးထားပါတယ်။ Focus Point စနစ်ကို Multi-CAM 1000 11-Point AF System အသုံးပြုထားတာ ဖြစ်ပြီး Automatic (A), Continuous-Servo AF (C), Manual Focus (M), Single-servo AF (S) တွေ ရရှိမှာဖြစ်ပါတယ်။ Auto Focus Point 11 အထိ ရရှိနိုင်မှာဖြစ်ပြီး Lens Mount ကတော့ Nikon F Mount ဖြစ်ပါတယ်။ အသုံးပြုလမ်းညွှန် Guide Mode နဲ့ အသင့်သုံး Special Effects တွေပါဝင် ထောက်ပံ့ပေးထားပါတယ်။ SnapBridge Bluetooth Connectivity ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

အားနည်းချက်

Frame Per Second ပိုင်းနည်းပါးသလို LCD အနေနဲ့ လှန်ခြင်း လှည့်ခြင်း မလုပ်ဆောင်နိုင်ပါဘူး။ ထိတွေ့စေခိုင်းနိုင်ခြင်းလည်း မရှိပါဘူး။

သုံးသပ်ချက်

ပုံရိပ်ဖမ်း Lens ကို အဖြုတ်အတပ် အလဲအလှယ်နဲ့ လဲလှယ်နိုင်တဲ့အတွက် DSLR Camera စတင် ကိုင်ဆောင်လိုတဲ့ လက်သင် ကင်မရာဝါသနာရှင်တွေအတွက် စျေးနှုန်းသင့်တင့်ပြီး လုပ်ဆောင်ချက် ကောင်းမွန်တဲ့ Entry Level DSLR Camera ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ FHD 1080p @60fps ရရှိမှာပါ ။ JPEG မှာ fps 5 အထိရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Bulb Mode ကနေ 1 / 4000 အထိ ရရှိမှာဖြစ်ပါတယ်။ Built-in Flash အနေနဲ့ ပါဝင်သလို External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Auto, Manual, Programmed Auto, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Cloudy, Direct Sunlight, Flash, Fluorescent, Incandescent, Preset Manual, Shade စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average Metering, Matrix, Spot Metering တို့ပါဝင်ပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် HDMI C (Mini), USB 2.0 Micro-B ရရှိနိုင်ပါတယ်။

Card Slot တစ်ခုပါဝင်ပြီး SD, SDHC, SDXC ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ ၃.၀ လက်မအရွယ် LCD Monitor ကို ထောက်ပံ့ထားပါတယ်။ 18.00 mm အရွယ်ရှိ Optical View Finder ထောက်ပံ့ထားပါတယ်။ ဘက်ထရီပိုင်းအတွက် EN-EL14A Rechargeable Lithium-Ion Battery Pack, 7.2 VDC, 1230 mAh အမျိုးအစား အသုံးပြုထားပါတယ်။ ကိုယ်ထည်အရွယ်အစား124.0 x 97.0 x 69.5 mm ဖြစ်ပြီး အလေးချိန် 365 g ရှိပါတယ်။ Nikon Myanmar ဖုန်း – ၀၁၂၀၀၁၃၈ နဲ့ ၀၁၃၇၉ ၆၁၇ ကနေ တရားဝင်တင်သွင်းတာဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H