Nikon COOLPIX W150 Digital Camera

[ Zawgyi ]

တန္ဖိုး-ကန္ေဒၚလာ 166.95$

အားသာခ်က္

1/3.1″ အရြယ္ရွိ CMOS Sensor ပါ၀င္ပါတယ္။13.2MP ပါ၀င္ၿပီး ဓာတ္ပံုကို JPEG Format နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။ NIKKOR 3x Optical Zoom f/3.3-5.9 Lens ပါ၀င္တဲ့အတြက္ 35mm ျမင္ကြင္းနဲ႔ဆိုရင္ 24mm ကေန 30-90mm အထိ ရရွိမွာလည္း ျဖစ္ပါတယ္။ ISO အေနနဲ႔ 125-1600 အထိ ရရွိႏိုင္မွာပါ။ Frame Per Second-fps ကိုေတာ့အ ေသးစိတ္ေဖာ္ျပထားျခင္း မရွိေသးပါဘူး။ ဗီဒီယိုပိုင္းမွာေတာ့ Full HD (1920 x 1080) at 29.97p အရည္အေသြး ရရွိႏိုင္ပါတယ္။ IPX8 ျဖစ္တဲ့အတြက္ ေရေအာက္ ၃၃ ေပအထိ စိမ္ထားလို႔ရၿပီး အျမင့္ ၅.၉ ေပက ျပဳတ္က်တာကိုလဲ ခံႏိုင္သလို ဖုန္လဲလံုပါတယ္။

၂.၇ လက္မအရြယ္ရွိ 230k-dot LCD ေထာက္ပံ့ထားပါတယ္။ WiFi နဲ႔ Bluetooth ပါ၀င္တဲ့အတြက္ စမတ္ဖုန္းနဲ႔ တိုက္႐ိုက္ ခ်ိတ္ဆက္ထိန္းခ်ဳပ္ႏိုင္သလို ႐ိုက္ၿပီးသမွ်ပံုေတြကိုလည္း လူမႈကြန္ရက္ေပၚကို ခ်က္ခ်င္းတင္ႏိုင္မွာ ျဖစ္ပါတယ္။ Lens အေနနဲ႔ Fixed Lens ျဖစ္ၿပီး ဒီဇိုင္း NIKKOR, 6 Elements in 5 Groups Lens ကို ေထာက္ပံ့ေပးထားပါတယ္။ Zoom က သာမာန္အေနအထား မွာ f/3.3 ထားႏိုင္ၿပီး Zoom ဆြဲယူမယ္ဆိုရင္ေတာ့ အက်ယ္ဆံုး f/5.9 အထိထားကာ ႐ိုက္ကူးႏိုင္ပါတယ္။

အားနည္းခ်က္

LCD အေနနဲ႔ ထိေတြ႕ ေစခိုင္းႏိုင္ျခင္း မရွိသလို လွန္ျခင္းမျပဳလုပ္ႏိုင္တဲ့ Fixed LCD အ မ်ိဳးအစားျဖစ္ပါတယ္။ RAW ဖိုင္နဲ႔လည္း မ႐ိုက္ကူးႏိုင္ပါဘူး။ ပံုရိပ္ဖမ္း Sensor Size အရြယ္ေသးငယ္မႈေၾကာင့္ Noise ႏိုင္နင္းမႈကိုလည္း ေမွ်ာ္လင့္လို႔ရမွာ မဟုတ္ပါဘူး။

သံုးသပ္ခ်က္

Point & Shoot (Auto) အမ်ဳိးအစားထဲမွာ အၾကမ္းခံ ေရလံု၊ ဖုန္လံုေအာင္ လုပ္ထားတဲ့အတြက္ ဓာတ္ပံု႐ိုက္ ၀ါသနာရွင္ေတြ ကေလးငယ္ေတြအတြက္ ပိုၿပီးသင့္ေတာ္ပါတယ္။ ေစ်းႏႈန္း
အေနနဲ႔ ေျပာရမယ္ဆိုရင္ ကန္ေဒၚလာ ႏွစ္ရာေအာက္မွာ ရွိေနတဲ့အတြက္ အေပ်ာ္တမ္း ဓာတ္ပံု၀ါသနာရွင္ေတြအတြက္ ေစ်းႏႈန္း သင့္တင့္တဲ့ Point & Shoot Camera တစ္လံုးလို႔ ဆိုရမွာပါ။

လုပ္ေဆာင္ခ်က္

ဓာတ္ပံုမွာ File Format ေတြအေနနဲ႔ JPEG နဲ႔တစ္မ်ဳိးတည္းသာ ရိုက္ကူးႏိုင္ပါတယ္။ Shutter Speed အေနနဲ႔ အေႏွးဆံုး bulb mode ကေန 1 / 2000 အထိ ရပါတယ္။ Bult-in Flash အေနနဲ႔လည္း ေထာက္ပံ့ေပးထားပါတယ္။

Exposure Mode အေနနဲ႔ Program ေရြးခ်ယ္အသံုးျပဳ ႏိုင္ပါတယ္။ အသင့္႐ိုက္ Mode ေတြလည္း ပါ၀င္ပါတယ္။ Metering ဖတ္ယူမႈအတြက္ Center-Weighted Average, Matrix, Spot တို႔ပါ၀င္ပါတယ္။ ခ်ိတ္ဆက္မႈအတြက္ WiFi, Bluetooth စတာေတြပါ၀င္သလို USB 2.0 Micro-B လည္း ပါ၀င္ပါတယ္။ Card Slot တစ္ခုပါ၀င္ၿပီး SD, SDHC, SDXC ထည့္သြင္း အသံုးျပဳႏိုင္ပါတယ္။ Internal Memory အေနနဲ႔ 21MB ေထာက္ပံ့ထားပါတယ္။ Screen Display အေနနဲ႔ 230k-dot အရည္ ေသြးထြက္ရွိတဲ့ ၂.၇ လက္မ အရြယ္ Fixed LCD ကို ေထာက္ပံ့ ထားပါတယ္။ EN-EL19 Rechargeable Lithium-Ion, 3.7 VDC, 700 mAh ဘက္ထရီအသံုးျပဳၿပီး အားျပည့္ခ်ိန္မွာ ႐ိုက္ခ်က္ ၂၂၀ ေလာက္အထိ ႐ိုက္ကူးႏိုင္မွာပါ။ ကိုယ္ထည္အရြယ္အစားက 109.5 x 67 x 38 mm ျဖစ္ၿပီး အေလးခ်ိန္ 177g ရွိပါတယ္။

Ref: B & H
-ေက်ာ္ေဇယ်

[ Unicode ]

တန်ဖိုး-ကန်ဒေါ်လာ 166.95$

အားသာချက်

1/3.1″ အရွယ်ရှိ CMOS Sensor ပါ၀င်ပါတယ်။13.2MP ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format နဲ့ ရိုက်ကူးနိုင်ပါတယ်။ NIKKOR 3x Optical Zoom f/3.3-5.9 Lens ပါ၀င်တဲ့အတွက် 35mm မြင်ကွင်းနဲ့ဆိုရင် 24mm ကနေ 30-90mm အထိ ရရှိမှာလည်း ဖြစ်ပါတယ်။ ISO အနေနဲ့ 125-1600 အထိ ရရှိနိုင်မှာပါ။ Frame Per Second-fps ကိုတော့အ သေးစိတ်ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဗီဒီယိုပိုင်းမှာတော့ Full HD (1920 x 1080) at 29.97p အရည်အသွေး ရရှိနိုင်ပါတယ်။ IPX8 ဖြစ်တဲ့အတွက် ရေအောက် ၃၃ ပေအထိ စိမ်ထားလို့ရပြီး အမြင့် ၅.၉ ပေက ပြုတ်ကျတာကိုလဲ ခံနိုင်သလို ဖုန်လဲလုံပါတယ်။

၂.၇ လက်မအရွယ်ရှိ 230k-dot LCD ထောက်ပံ့ထားပါတယ်။ WiFi နဲ့ Bluetooth ပါ၀င်တဲ့အတွက် စမတ်ဖုန်းနဲ့ တိုက်ရိုက် ချိတ်ဆက်ထိန်းချုပ်နိုင်သလို ရိုက်ပြီးသမျှပုံတွေကိုလည်း လူမှုကွန်ရက်ပေါ်ကို ချက်ချင်းတင်နိုင်မှာ ဖြစ်ပါတယ်။ Lens အနေနဲ့ Fixed Lens ဖြစ်ပြီး ဒီဇိုင်း NIKKOR, 6 Elements in 5 Groups Lens ကို ထောက်ပံ့ပေးထားပါတယ်။ Zoom က သာမာန်အနေအထား မှာ f/3.3 ထားနိုင်ပြီး Zoom ဆွဲယူမယ်ဆိုရင်တော့ အကျယ်ဆုံး f/5.9 အထိထားကာ ရိုက်ကူးနိုင်ပါတယ်။

အားနည်းချက်

LCD အနေနဲ့ ထိတွေ့ စေခိုင်းနိုင်ခြင်း မရှိသလို လှန်ခြင်းမပြုလုပ်နိုင်တဲ့ Fixed LCD အ မျိုးအစားဖြစ်ပါတယ်။ RAW ဖိုင်နဲ့လည်း မရိုက်ကူးနိုင်ပါဘူး။ ပုံရိပ်ဖမ်း Sensor Size အရွယ်သေးငယ်မှုကြောင့် Noise နိုင်နင်းမှုကိုလည်း မျှော်လင့်လို့ရမှာ မဟုတ်ပါဘူး။

သုံးသပ်ချက်

Point & Shoot (Auto) အမျိုးအစားထဲမှာ အကြမ်းခံ ရေလုံ၊ ဖုန်လုံအောင် လုပ်ထားတဲ့အတွက် ဓာတ်ပုံရိုက် ၀ါသနာရှင်တွေ ကလေးငယ်တွေအတွက် ပိုပြီးသင့်တော်ပါတယ်။ စျေးနှုန်း
အနေနဲ့ ပြောရမယ်ဆိုရင် ကန်ဒေါ်လာ နှစ်ရာအောက်မှာ ရှိနေတဲ့အတွက် အပျော်တမ်း ဓာတ်ပုံဝါသနာရှင်တွေအတွက် စျေးနှုန်း သင့်တင့်တဲ့ Point & Shoot Camera တစ်လုံးလို့ ဆိုရမှာပါ။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG နဲ့တစ်မျိုးတည်းသာ ရိုက်ကူးနိုင်ပါတယ်။ Shutter Speed အနေနဲ့ အနှေးဆုံး bulb mode ကနေ 1 / 2000 အထိ ရပါတယ်။ Bult-in Flash အနေနဲ့လည်း ထောက်ပံ့ပေးထားပါတယ်။

Exposure Mode အနေနဲ့ Program ရွေးချယ်အသုံးပြု နိုင်ပါတယ်။ အသင့်ရိုက် Mode တွေလည်း ပါ၀င်ပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Matrix, Spot တို့ပါ၀င်ပါတယ်။ ချိတ်ဆက်မှုအတွက် WiFi, Bluetooth စတာတွေပါ၀င်သလို USB 2.0 Micro-B လည်း ပါ၀င်ပါတယ်။ Card Slot တစ်ခုပါ၀င်ပြီး SD, SDHC, SDXC ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Internal Memory အနေနဲ့ 21MB ထောက်ပံ့ထားပါတယ်။ Screen Display အနေနဲ့ 230k-dot အရည် သွေးထွက်ရှိတဲ့ ၂.၇ လက်မ အရွယ် Fixed LCD ကို ထောက်ပံ့ ထားပါတယ်။ EN-EL19 Rechargeable Lithium-Ion, 3.7 VDC, 700 mAh ဘက်ထရီအသုံးပြုပြီး အားပြည့်ချိန်မှာ ရိုက်ချက် ၂၂၀ လောက်အထိ ရိုက်ကူးနိုင်မှာပါ။ ကိုယ်ထည်အရွယ်အစားက 109.5 x 67 x 38 mm ဖြစ်ပြီး အလေးချိန် 177g ရှိပါတယ်။

Ref: B & H