Nikon ရဲ့ full-frame mirrorless ကင်မရာကို သြဂုတ် ၂၃ တွင် မိတ်ဆက်မည်
[Zawgyi]
ဗီဒီယိုအနေနဲ့ 4K အထိ ထောက်ပံ့ပေးထားပြီး လှည့်နိုင်တဲ့ LCD Screen ထောက်ပံ့မှုတွေနဲ့ အီလက်ထရောနစ် View Finder စတဲ့ စနစ်တွေကို ထောက်ပံ့ပေးထားသလို အသစ်ထုတ်ကင်မရာနှစ်မျိုးလုံးမှာ 5-Axis images stabilization system, XQD Card for Storage နဲ့ AF Point 400 ကျော်ရနိုင်တဲ့ စနစ်တွေ ပါဝင်ထောက်ပံ့ထားတယ်လို့ သိရပါတယ်။
ကျော်ဇေယျ
[Unicode]
နာမည်ကျော် ကင်မရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Nikon ဟာ Sensor Size Full Frame အသုံးပြုမယ့် mirrorless ကင်မရာကို သြဂုတ်လ ၂၃ ရက်မှာ တရားဝင်ကြေညာသွားမယ်လို့ သိရပါတယ်။
Nikon Camera အနေနဲ့ Sony Alpha a7R III ကို ယှဉ်ပြိုင်နိုင်တဲ့ အနေအထားနဲ့ ဝင်ရောက်လာပြီး mirrorless ကင်မရာ အနေအထားမှာ high-end full frame အနေနဲ့ ထိုးဖောက်လာတာဖြစ်ပါတယ်။ Sony Alpha A7 Series နဲ့ အရွယ်အစား တူတူလောက်ဖြစ်မယ်လို့ သိရပါတယ်။ Lens Mount အနေနဲ့ အသစ်ထွွက်ရှိမှာ ဖြစ်ပေမယ့် F-Mount Lens တွေအတွက် Adaptor ခံပြီး သုံးနိုင်မှာပါ။
ကင်မရာအနေနဲ့ မော်ဒယ်နှစ်မျိုးထွက်ရှိလာမှာဖြစ်ပြီး 45 Megapixel မော်ဒယ်က 24-70mm Lens အပါအဝင် အမေရိကန်ဒေါ်လာ ၄,၀၀၀ ဝန်းကျင်နှုန်း 25 Megapixel မော်ဒယ်က အမေရိကန်ဒေါ်လာ ၃,၀၀၀ အောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ကင်မရာကို မိတ်ဆက်ချိန်နဲ့တစ်ပြိုင်နက် အဲဒီ mirrorless full frame ကင်မရာအတွက် အသုံးပြုမယ့် Lens သုံးမျိုးကို တစ်ပါတည်း မိတ်ဆက်သွားမှာဖြစ်ပါတယ်။
ဗီဒီယိုအနေနဲ့ 4K အထိ ထောက်ပံ့ပေးထားပြီး လှည့်နိုင်တဲ့ LCD Screen ထောက်ပံ့မှုတွေနဲ့ အီလက်ထရောနစ် View Finder စတဲ့ စနစ်တွေကို ထောက်ပံ့ပေးထားသလို အသစ်ထုတ်ကင်မရာနှစ်မျိုးလုံးမှာ 5-Axis images stabilization system, XQD Card for Storage နဲ့ AF Point 400 ကျော်ရနိုင်တဲ့ စနစ်တွေ ပါဝင်ထောက်ပ့ံထားတယ်လို့ သိရပါတယ်။
Ref: DigitalCameraWorld
ကျော်ဇေယျ